အာဆင်နယ်အသင်းရဲ့၁၆နစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖလားဟာ အာတီတာရဲ့လက်အောက်မှာပြန်လည်ရရှိလိမ့်မယ့်လိုအာဆင်နယ်နည်းပြဟောင်းကြီးကဟောကိန်းထုတ်လိုက်ပါတယ်။လက်ရှိအချိန်မှာအာင်နယ်အသင်းဟာအမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အဲဗာတန်အသင်းနဲ့သုံးမှတ်အကွာမှာရှိနေပြီးယခုတပါတ်မှာလည်းခက်ခဲတဲ့ပြိုင်ဘက်မန်စီးတီးအသင်းနဲ့ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Sky Sportရဲ့VIP Customersတွေအတွက် သီးသန့်ပြုတဲ့ပွဲတစ်ကိုတတ်ရောက်စဉ် ဝင်းဂါးကပြောကြားခဲ့တာပါ အာဆင်နယ်အသင်းရဲ့၁၆နှစ်အကြာချန်ပီယံအိပ်မက်က အာတေးတားနဲ့ပြန်လည်ရရှိတော့မှာပါ။သူကအသင်းကိုလမ်းကြောင်းမှန်ပေါ်တင်ပေးထားပါပြီ။ဖလားပြန်ရဖို့ကျွန်တော် လုံးဝကိုယုံကြည်ပါတယ်။အသင်းမှာအလွန်ကောင်းမွန်တဲ့စုစည်းမှုကိုလည်းတွေ့နေရပါတယ်။

အားလုံးကအာတေးရဲ့ဦးဆောင်မှုနောက်ကိုလိုက်တယ်သူနဲ့အတူရင်ဆိုင်တယ်ကောင်းမွန်တဲ့ရလာဒ်တွေရရှိနေပါတယ်။အသင်းကိုပြန်ကြည့်ရင်လည်းနှစ်နှစ်အတွင်းငွေကြေးသုံးစွဲပြီးအင်အားဖြည့်တင်းမှုတွေလုပ်နေသလို အင်မတန်ကို ကောင်းမွန်တဲ့ လူငယ်မျိုးဆက်သစ်တွေကိုလည်းရှာဖွေနိုင်ခဲ့ပါပြီ။

အခုအသင်းမှာ အရည်အချင်းကော အရည်အသွေးပါပြည်တဲ့ကစားသမားတွေအများကြီဖြစ်လာပါပြီ။သူတို့နဲ့ဘာလို့ဖလားမရနိုင်ရမှာလဲ။ကျွန်တော်တို့ဖလားရကို ရတော့မှာပါလို့ပြောကြားခဲ့ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.