ပေါ့ဘာကိုမန်ယူအသင်းအနေနဲ့ရောင်းချဖို့ပြုလုပ်နေတယ်ဟုပြင်သစ်နာမည်ကြီးသတင်းစာကသုံးသပ်ဖေါ်ပြလိုက်ပါတယ်၊L’Équipeသတင်းစာရဲ့ အဆိုအရ မန်ယူအနေနဲ့ စာချုပ်သက်တမ်းတနှစ်သာကျန်၇ှိတော့တဲ့ကစားသမားကို လာမယ့်ဇန်နဝါရီမှာရောင်းချဖို့ အကြံ၇ှိနေတယ်လိ့လည်းဆိုပါတယ်။

မန်ယူဟာပေါ့ဘာကို ပြီးခဲ့တဲ့အပြောင်းအရွှေ့ရာသီထဲက ရောင်းချဖို့စီစဉ်နေခဲ့တာဖြစ်ပြီး ကိုရိုနာ ဗိုင်းရပ်ပြသနာတွေကြောင့်ကမ်းလှမ်းမှုတွေမရရှိခဲ့ဘဲမန်ယူအနေနဲ့ ဘာလုပ်ရမှန်းဖြစ်နေခဲ့တယ်လို့သုံးသပ်ပါတယ်။မန်ယူဟာပေါ့ဘာအတွက် ပြင်သစ်လူမျိုးဇီဒိန်နည်းပြအဖြစ်ဆောင်ရွက်နေတဲ့ရီးရဲယ်အသင်းကကမ်းလှမ်းမှုသေချာပေါက်ပြုလုပ်လိမ့်မယ်ထင်ထားပေမယ့် အထင်နဲ့လက်တွေ့လွဲခဲ့ရကြောင်းဆိုပါတယ်။

အသက်၂၇အရွယ်ကစားသမားဟာ စာချုပ်နောက်ဆုံးနှစ်ကိုရောက်နေပေမယ် စာချုပ်ပါအချက်အရမန်ယူအနေနဲ့နောက်ထပ်တစ်နှစ်သက်တမ်းအလိုလျှောက်တိုးခွင့်ရှိနေသေးကြောင်းလည်းသိရပြီးအဆိုပါအချက်ကြောင့်မန်ယူဟာ ပေါ့ဘာအတွက်အနည်းဆုံးနောက်ထပ်အပြောင်းအရွှေ့ရာသီနှစ်ခုလောက်ကစားနိုင်သေးကြောင်းဆိုပါတယ်။

လက်ရှိဈေးကွက်အနေထားအရမန်ယူလိုချင်တဲ့ဈေးမျိုးပေးမယ့်အနေထားမရှိကြဘဲအောက်ဈေးနဲ့သာလက်လွှတ်ရမယ်လို့ဆိုပါတယ်။ပေါ့ဘာဟာ မန်ယူအသင်းမှပုံမှန်ခြွေစွမ်းမရရှိသည်မှာကြာပြီဖြစ်သော်လည်းပြင်သစ်အသင်းနဲ့ပွဲစဉ်တိုင်းမှာ ခြေစွမ်းပြလေ့ရှိပြီးနောက်ဆုံးကစားခဲ့တဲ့ပေါ်တူကီအသင်းနှင့်ပွဲစဉ်မှာ အထူးခြေစွမ်းပြကစားနိုင်ခဲ့ကာပေါ်တူကီကစားသမားမန်ယူအသင်းဖေါ်ဖာနန်ဒက်ထက် သာလွန်တဲ့ခြေစွမ်းမျိုးဘောလုံးပေးပို့မှုတွေပြုလုပ်ပြခဲ့ကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.