ဗစ်တာ လင်ဒီလော့ဖ်ဟာ ၎င်းတို့အနေနဲ့ ပုံမှန်ပြနေကြခြေစွမ်းအဆင့်အတန်းတွေကို ပြသနိုင်ဖို့ ခက်ခဲနေသေးပေမဲ့ နိုင်ငံတကာပွဲစဉ်တွေအပြီးမှာတော့ အကောင်းလက္ခဏာဆောင်တဲ့ ပုံစံနဲ့ပြန်လာနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

သူ့အနေနဲ့ လာမဲ့အပတ်နယူးကာဆယ်နဲ့ပွဲမတိုင်ခင်အထိ ယူနိုက်တက်ရဲ့ ရာသီအစမှာ ပုံစံကောင်းတွေပျောက်ဆုံးနေတာနဲ့ပက်သက်လို့ ရှင်းပြစရာမရှိပါဘူးလို့ ဝန်ခံလိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ဟာ ခုချိန်မှာ အဖွင့်၃ပွဲမှာ ၂ပွဲအထိရှုံးနိမ့်ခဲ့ပြီးတော့ အဆင့်၁၆အထိကို ကျဆင်းသွားတာလည်း ဖြစ်ပါတယ်။

နောက်ဆုံးစပါနဲ့ရှုံးနိမ်ခဲ့တဲ့ပွဲစဉ်ကို လင်ဒီလော့ဖ်ဟာ ဒဏ်ရာပြဿနာကြောင့်လွဲချော်ခဲ့တာလို့ ဆိုပေမဲ့ ဆွီဒင်အသင်းနဲ့အတူ နေးရှင်းလိဂ်ပြိုင်ပွဲမှာတော့ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

၎င်းကစားသမားအနေနဲ့ ယူနိုက်တက်ပြသနေတဲ့ ‌ခြေစွမ်းနဲ့ပက်သက်လို့ စဉ်းစားသုံးသပ်ချိန်တွေအများကြီးရနေပေမဲ့ သူတို့တွေရုန်းကန်နေရတဲ့နောက်ကွယ်က အကြောင်းရင်းကိုခုထိ သေချာမသိသေးဘူးလို့ဆိုပါတယ်။

သို့သော်လည်း ယခုအပတ်ပရီးမီယားလိဂ်ပွဲစဉ်တွေပြန်စရင်တော့ ကံကြမ္မာကို အလှည့်အပြောင်းလုပ်နိုင်လိမ့်မယ်လို့ ‌မျှော်လင့်နေပါတယ်။

“ကျနော်‌တို့တွေ အကောင်းဆုံးအနေအထားနဲ့ စတင်နိုင်ခဲ့တာတော့မဟုတ်ဘူး။ ဒါပေမဲ့ ဘာ့ကြောင့်လဲဆိုတော့လည်း သေချာမသိပါဘူး။ ကျနော်တို့အနေနဲ့ ယူရိုပါလိဂ်မှာ အချိန်တော်တော်ကြာယှဉ်ပြိုင်ခဲ့ရပြီးတော့ ပရီးမီးယားလိဂ်ပြန်စတဲ့အချိန်မှာ ရနေကျလုံလောက်တဲ့ ပြင်ဆင်ချိန်မျိုးမရခဲ့လို့လား။ ကျနော်လည်း သေချာတော့ မဖြေနိုင်ပါဘူး..”

“ပရီးမီးယားလိဂ်ပြန်မစခင် ၁ပတ် ၂ပတ်လောက်ပဲ အချိန်ရခဲ့ပြီးတော့ ကျနော်တို့လိုချင်တဲ့ အဆင့်အတန်းတစ်ခုကို မရသေးပါဘူး။ ဒါပေမဲ့ နိုင်ငံတကာပွဲစဉ်တွေပြီးရင်တော့ ကစားသမားတွေပြန်လာပြီးတော့ ကျနော်တို့သွားချင်တဲ့ အဆင့်တစ်ခုရောက်အောင်သွားဖို့ အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါတယ်…”

နေရှင်းလိဂ်မှာ လင်ဒီလော့ဖ်ရဲ့ ဆွီဒင်ကအသင်းက ခရိုအေးရှားကို ၂ဂိုး ၁ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ လင်ဒီလော့ဖ်ကတော့ ၎င်းရဲ့ကစားပုံက ပြဿနာမရှိခဲ့ဘဲ ယူနိုက်တက်ကိုပြန်မလာခင် ယနေ့ညမှာကစားမဲ့ ပေါ်တူဂီနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားသွားပါတယ်..”

“ကျနော်အောက်တိုဘာလထဲမှာ ဆွီဒင်နဲ့ နိုင်ငံပွဲ၂ပွဲကစားခဲ့ပြီးတော့ ခန္ဓာကိုယ်ကတော်တော်လေး ခံစားချက်ကောင်းနေပါပြီ..”

“မနေ့တုန်းက ကျနော့်ခြေထောက်တွေနဲ့ပက်သက်လို့ အရမ်းခံစားချက်ကောင်းနေတယ်။ ဂျန်နီ အန်ဒါဆတ် (ဆွီဒင်မန်နေဂျာ) ကျနော့်ကို ကစားစေချင်သေးရင်လည်း နောက်ပွဲထပ်ကစားဖို့ ပြဿနာလုံးဝမရှိပါဘူး..” လို့ Aftonbladet ကိုပြောကြားသွားပါတယ်။

Leave a Comment

Your email address will not be published.