မန်ယူအသင်းမှတတိယဂိုးသမားဖြစ်သူ အာကျင်တီးနားဂိုးသမားရိုမဲရိုးကို အပြီးပြတ်ဝယ်ယူမှု မရှိတာကြောင့်အဲဗာတန်အသင်းကိုအငှားဖြင့်သွားရောက်ကစားခွင့်မပြုခဲ့ဘဲအသင်းမှာဘဲအရန်ခုံဆက်ထိုင်ခိုင်းနေတဲ့ ဆက်ဆံပုံကို ရိုမဲရိုးရဲ့မန်ယူအသင်းဖေါ်တွေကပေါက်ကွဲခဲ့ကြတယ်လို့Espnသတင်းမှာဖေါ်ပြထားပါတယ်။

အသင်းဖေါ်တွေကအသင်းအတွက် စွမ်းဆောင်ခဲ့တဲ့ရိုမဲရိုးရဲ့စွမ်းဆောင်မှုတွေနဲ့အသင်းမှာကစားခဲ့တဲ့၅နှစ်အတွင်း ရိုမဲရိုးအကောင်းဆုံးဆောင်ရွက်ခဲ့ကြောင်း ဂုဏ်ပြုခဲ့ကြတယ်လို့ဆိုပါတယ်။ရိုမဲရိုးဟာမန်ယူအသင်းမှာ၆၇ပွဲကစား၃၉ပွဲပေးဂိုးမဲ့ကစားနိုင်ခဲ့သလို၂၀၁၇ယူရိုပါလိဂ်ရရှိခဲ့ချိန်ကအဓိကကစးသမားအဖြစ်ပွဲစဉ်အားလုံးကစားပေးခဲ့ပြီးအသင်းအတွက်ဆုဖလားရယူပေူခဲ့သူလည်းဖြစ်ပါတယ်။

ရိုမဲရိုးရဲ့မန်ယူအသင်းနဲ့စာချုပ်ဟာ ၂၀၂၁မှာကုန်ဆုံးမှဖြစ်ပြီးစာချုပ်သက်တမ်းနောက်ဆုံးနှစ်ထဲရောက်ရှိလာသလို စာချုပ်ပါအချက်အရရိုမဲရိုးဟာယခုလကစပြီးစာချုပ်လျှော်ကြေးပေါင် ၁.၅သန်းပေးလျှော်တာနဲ့အသင်းကထွက်ခွါခွင့်ရရှိသွားသလိုရိုမဲရိုးကလည်း အခုလအတွင်းမှာဘဲအခြားအသင်းသို့ပြောင်းရွှေ့ကစားဖို့စီစဉ်
နေကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.