လီဗာပူးအသင်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန် စီပွားရေးအုပ်စု FSG က နောက်ထပ် စီးပွားရေး ကော်ပိုရေးရှင်းဖြစ်တဲ့ RedBull နဲ့ ပူးပေါင်းမှုတွေ လုပ်ဖို့ ညိနှိုင်းနေပါတယ်။

FSG ကသူတို့ရဲ့စီးပွားရေး လုပ်ငန်းစုကြီး အားလုံးရဲ့ ရှယ်ယာ ၂၅% လောက်နဲ့အချို့သောရှယ်ယာတွေကို ထုတ်ရောင်းသွားမှာဖြစ်တယ်လို့ ပြင်သစ်ဘောလုံးအဖွဲ့ Sport Witnessရဲ့ အဆိုအရသိရပါတယ်။

အဲ့ဒီလိုရှယ်ယာတွေထုတ်ရောင်းပြီး ညှိုနှိုင်းမှု အဆင်ပြေခဲ့မယ်ဆိုရင် လီဗာပူးပိုင်ရှင်တွေဟာ သူတို့ရဲ့ အားကစားအင်ပါယာကိုချဲ့ထွင်ဖို့ ဥရောပ ဘောလုံးကလပ်တစ်ခုကို ထပ်မံဝယ်ယူသွားမယ်လို့ဆိုပါတယ်။

FSG ရဲ့ ဥက္ကဌ ဂျွန် ဟင်နရီက ဒီကိစ္စကို အပြီးသတ်ပြီးခဲ့ရင် FSG ကို စတော့ဈေးကွက်ထဲ ထည့်သွားမှာဖြစ်ပြီး FSG တစ်ခုလုံးရဲ့ တန်ဖိုးက ဒေါ်လာ ၈ ဘီလီယံ(ပေါင် ၆.၁ ဘီလီယံ) လောက်ထိ မြင့်တက်သွားမယ်လို့လည်း Wall Steetဂျာနယ်မှာဖော်ပြထားပါတယ်။ဒါ့အပြင် The Times ရဲ့ဖော်ပြချက်အရ FSG ဟာဥရောပဘောလုံးကလပ်တစ်ခုကိုဝယ်ယူဖို့စဉ်းစားထားပြီး သူတို့ရဲ့အင်ပါယာကိုချဲ့ထွင်လိုကြောင်းသိရပါတယ်။ သူတို့ရဲ့ရည်မှန်းချက်က “အင်အားအကြီးဆုံးအပြည်ပြည်ဆိုင်ရာအားကစားလုပ်ငန်းစုကြီးတစ်ခု” ဖြစ်လာဖို့ရည်ရွယ်ထားတယ်လို့ဆိုပါတယ်။

အဲ့ဒီလိုပြုလုပ်ဖို့ဆိုရင် Red Bull အသုံးပြုတဲ့ မော်ဒယ်လ်ကိုလိုက်လျှောက်ကြရမှာဖြစ်ပြီးသူတို့ကဂျာမနီ (RB Leipzig)၊ သြစတြီးယား (RB Salzburg), USA (New York Red Bulls) နှင့်အခြားနိုင်ငံများမှကလပ်တွေကိုဝယ်ယူထားတာပါ။FSG ရဲ့ လက်အောက်မှာတော့ အဓိက အားကစား အသင်းကြီး ၂ ခုအဖြစ် Boston Red Sox လို့ ခေါ်တဲ့ မေဂျာလိဂ် ဘော့ဘောအသင်းနဲ့ လီဗာပူးဘောလုံးအသင်းတို့ ရှိနေတာဖြစ်တယ်။ မိခင်ကုမ္ပဏီကို ရင်းနှီးမြုပ်နှံသူ အသစ်တွေဝင်လာရင် လီဗာပူးအသင်းကလည်း အစိတ်အပိုင်း တစ်ရပ်အနေနဲ့ အကျိုးဆက်တွေကိုခံစားရဖွယ်ရှိနေပြီးလီဗာပူးအသင်းထဲကိုလည်း အုပ်ချုပ်မှုရေးရာ တာဝန်ခံအသစ်တွေကော ရင်းနှီးမြုပ်နှံမှု အသစ်တွေပါ ဝင်ရောက်လာဖို့ရှိနေတာပါ။ ဒီကိစ္စရဲ့ သက်ရောက်မှု ဘယ်လောက်ကြီးနိုင်လဲဆိုတာနဲ့ပက်သက်ပြီးတော့ အခုချိန်ထိတော့ ခန့်မှန်း သုံးသပ်မှုတွေ လုပ်တာလောက်ပဲ လုပ်နိုင်ကြပါသေးတယ်။သေချာတာကတော့ လီဗာပူးလ်ဟာ အစုရှယ်ယာအနည်းငယ်ကိုလက်လွှတ်ဆုံးရှုံးရန်အဆင်သင့်ဖြစ်နေသပေမယ့် FSG သည်ကလပ်ကိုလုံးလုံးလျားလျားရောင်းချဖို့စဉ်းစားနေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့်အခုလုပ်နေတဲ့ ရင်းနှီးမြှုပ်နှံမှုကြောင့် သူတို့ပိုင်ဆိုင်ထားတဲ့ဘေ့စ်ဘောအသင်းဖြစ်တဲ့ Boston Red Sox ကိုလည်းထိခိုက်လိမ့်မယ်လို့ သုံးသပ်မှုတွေလည်းရှိနေပါတယ်။

Leave a Comment

Your email address will not be published.