အိုဇေးလ်ကိုပွဲထွက်ကစားသမားအဖြစ်အသုံးမပြုတာဟာအာဆင်နယ်အသင်းအနေနဲ့ အိုဇေးလ် ရဲ့ အရည်အချင်းတွေနဲ့ဂိုးဖန်တီးနိုင်မှုကိုဖြုန်တီးဖျက်ဆီးပစ်ရာရောက်နေတယ်လို့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးကပြောဆိုလိုက်ပါတယ်။အာဆင်နယ်လ်အနေနဲ့ အို ဇေးလ် ကိုပွဲထွက်ကစားသမားအဖြစ်ပြန်အ သုံးပြုရမယ်လို့ဂန္တဝင် နည်းပြအာစင်ဝင်းဂါးကသုံးသပ်ပြောဆိုလိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမဖြစ်ခင်ကအိုဇေးလ်ဟာ နည်းပြအာတီတာလက်အောက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် တွေပါဝင်ကစားခွင့်ရပေ မယ့်ဇွန်လနောက်ပိုင်းက တည်းက အသင်းရဲပရီးမီးယားလိဂ်ပွဲစဉ်တွေ တစ်ပွဲမှပါဝင်က စားခွင့်မရခဲ့ ပါဘူး။အိုဇေးလ်အနေနဲ့ ပွဲကစားခွင့်ဆုံးရှုံးပေမယ့်အသင်းနဲ့စာချုပ် သက် တမ်းရှိတဲ့၂၀၂၁ခုနှစ်အထိအသင်းမှာဆက်ရှိသွားမယ်လို့ သူကိုယ်တိုင်ကပြောထားပါတယ်။

ဒါပေမယ့်အာဆင်နယ် အသင်းကအိုဇေးလ်ရဲလစာပေးချေမှုကို လျော့ချနိုင်ဖို့စာချုပ်ဖျက်သိမ်းဖို့လိုလားနေပြီး ယူရိုပါ လိဂ်ပြိုင်ပွဲဝင်မယ့် အသင်းလူစာရင်းကအိုဇေးလ်ကိုချန်လှပ်ခဲ့ပါတယ်။

အာဆင်နယ်ဂန္တဝင်နည်းပြအာစင်ဝင်းဂါးက“ကျွန်တော်နည်းပြအဖြစ်တာဝန်ယူနေချိန်တုန်းကအိုဇေးလ်ဟာအသင်းအတွက်ဂိုးဖန်တီးမှုအများအပြားလုပ်နိုင်တဲ့ကစားသမားတစ်ဦးဖြစ်ပါ တယ်။အိုဇေးလ်ဟာ ဂိုးဖန်တီးရာ မှာထူး ချွန်ကောင်းမွန် တဲ့သူဖြစ်တဲ့အတွက်အာဆင်နယ်အသင်း က သူ့ကို မသုံးတာဟာ အိုဇေးလ်ရဲ့အရည်အချင်းကောင်းတွေ အသုံးမချတတ် တာ ဖြစ်ပါတယ်။ အိုဇေးလ်ဟာအသင်းတန်ပြန်တိုက် စစ်ကစားရာမှာဘော လုံးဖြတ်တင်တာ၊ဘောလုံးပေးပို့တာတွေ ကောင်းမွန်တဲ့ကစားသမားဖြစ် တယ်။အိုဇေးလ်ဟာရီးရဲလ်မက်ဒရစ်မှာကစားတုန်းကလည်းဂိုး ဖန်တီး မှုအများအပြားလုပ်နိုင်ခဲ့သူဆိုတာမေ့မထားသင့်ဘူး၊အိုဇေးလ်ဟာဂိုးဖန်တီးမှု စံချိန်တင်လုပ်ဆောင်နိုင်ခဲ့သူဖြစ်ပါတယ်။အသင်းအနေနဲ့ အိုဇေးလ် ကိုပွဲထွက်ကစားသမားအဖြစ် အသုံး ပြုပြီး အိုဇေးလ်ရဲ့ ဂိုးဖန်တီးမှု ပိုမို ကောင်း မွန်အောင် ပံ့ပိုးပေးသင့်တယ်။ “ လို့ပြောပါတယ်။အိုဇေးလ်ဟာ လော့ဒ်ဒေါင်းကာလ အပြီးတည်းက ပွဲ ကစားခွင့် မရသေးတာ ဖြစ်ပြီး လာမယ့် အောက်တိုဘာ ၂၀ ရက်နေ့မှာ အာတီတာ တင်သွင်းမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အာဆင်နယ် လူစာရင်းမှာလည်း ပါဝင်ပါဦးမလား စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

အိုဇေးလ်ကတော့ သြဂုတ်လထဲ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ၎င်း အနေနဲ့ အာဆင်နယ်အသင်းနဲ့ အတူ သဘောတူထားတဲ့ စာချုပ် နောက်ဆုံးရက် အထိကို အသင်းမှာ ဆက်ရှိနေဖို့ ရည်ရွယ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

 

Leave a Comment

Your email address will not be published.