ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ဟာ ကိုရိုနာဗိုင်းရပ်ကူးစပ်ခံသွားရတဲ့ သူ့ရဲ့နိုင်ငံအသင်းဖော် ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တိုက်ရိုက်ထိတွေ့မှုတွေရှိခဲ့တာကြောင့် အင်္ဂလန်နိုင်ငံရဲ့ ကိုဗစ်ထိန်းသိမ်းရေး ဥပဒေအတိုင်း နှစ်ပတ်သီခြားနေရဖို့ ရှိနေပြီး ယူနိုက်တက်အသင်းရဲ့အရေးကြီးပွဲစဉ်တွေကို လွဲချော်သွားနိုင်ပါတယ်။

.COVID-19 ကူးစက်ခံထားရတဲ့ ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ Camp တစ်ခုတည်းအတူရှိနေတဲ့အတွက် Bruno Fernandes အနေနဲ့ ယူကေရဲ့ COVID-19 စည်းမျဉ်းစည်းကမ်းများအရ ယူကေသို့မဝင်ရောက်မီ Quarantine (၁၄ ရက်) ဝင်ရမည့်အရေးနှင့်ရင်ဆိုင်ရဖွယ်ရှိနေတာပါ။

Quarantine (၁၄ ရက်) ဝင်ရမယ်ဆိုရင်တော့ Bruno အနေတဲ့ ယူနိုက်တက်၏ရှေ့လာမည့်ပွဲစဉ်(၄)ပွဲဖြစ်သော Newcastle, PSG, Chelsea, RB Leipzig အစရှိသောပွဲစဉ်များကို လွဲချော်မှာဖြစ်ပါတယ်။ အဆိုပါ(၄)ပွဲစလုံးမှာ (၁၄ ရက်) အတွင်းယှဉ်ပြိုင်ကစားရမည့်ပွဲစဉ်များပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းဟာ အတည်မပြုနိုင်သေးကြောင်းသိရပါတယ်။ဒီလိုအချိန်မျိုးမှာ ဗန်ဒီဘီ ပွဲချိနိပြည့်ကစားခွင့် ရဖို့အခွင့်အရေးဟာ နည်းပြ ဆိုးရှားရဲ့ plan(B)ဖြစ်ဖို့ရှိနေပီး အဓိကကစားသမားတစ်ယောက်လွဲချော်ချိန်မှာ ဘယ်လိုမျိူး ဗျူဟာတွေနဲ့ လက်ကျန်ပွဲကြပ်တွေကို ရင်ဆိုင်မလဲဆိုတာတော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

မန်ယူနိုက်တဒ်အသင်းဟာ လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ရမယ့် နယူးကာဆယ်နဲ့ ပွဲအတွက် လွဲချော်မယ့် ကစားသမားအချို့ကို လည်းထုတ်ပြန်ထားပါတယ်။လက်ရှိနိုင်ငံတကာ ပွဲစဉ်တွေအရ ယူနိုက်တဒ်အနေနဲ့ ကစားသမားတွေ ဒဏ်ရာရရှိမှု့ရှိလာခဲ့ရင် ထပ်တိုးပြီး ထည့်သွင်းမှာဖြစ်ပေမယ့် လက်ရှိကာရင်တန် စာရင်းအရ တော့ ယူနိုက်တဒ်ဖက်က ယခုလူတွေကသာ နယူးကာဆယ်နဲ့ ပွဲကိုလွဲချော်မယ်လို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေထဲက အီဒင်ဆင်ကာဗာနီ အနေနဲ့ အစိုးရကိုဗစ်ဥပဒေအရ (၁၄) ရက်တာအိမ်မှာနေရမှာဖြစ်လို့ အသင်းနဲ့ ပူးပေါင်းနိုင်မှာ မဟုတ်ကြောင်း တရားဝင်ကြေငြာခဲ့ပါတယ်။

Leave a Comment

Your email address will not be published.