လက်ရှိ အသင်းရဲ့ တိုက်စစ်မှာ အထောင်တိုက်စစ်မှုးစစ်စစ် ကိုပြဘာဆိုရင် ယူနိုက်တက် အသင်းမှာ ပြစရာ ကစားသမားရှိမနေဘူးလို့ ဂန္တဝင်ကစားသမားဟောင်းကြီးပေါ်စခိုးလ်းကပြောကြားလိုက်ပါတယ်။

လက်ရှိမှာလည်း မာရှယ်ဟာ အထောင်တိုက်စစ်မှုးအစစ်မဟုတ်ပဲ အယောင်ဆောင်ထားတဲ့အထောင်တိုက်စစ်မှူးသာဖြစ်တယ်လို့ ဝါရင့်ကစားသမားဟောင်းတွေက ဝေဖန်မှုတွေရှိနေတာပါ။ဒါနဲ့ပက်သက်ပြီး ယူနိုက်တဒ်ကစားသမားဟောင်း တစ်ဦးဖြစ်တဲ့ ပေါလ်စခိုးလ် က မာရှယ်ရဲ့ အားသန်တဲ့နေရာက တောင်ပံနေရာ ဖြစ်ကြောင်းနဲ့ အထောင်တိုက်စစ် နေရာက သူနဲ့မထိုက်တန်ကြောင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

စခိုးလ်က”သူတို့ကပါရမီရှိတဲ့ တိုက်စစ်မှုးတွေဆိုတာ ကျနော်သိပါတယိ။ယူနိုက်တဒ်တိုက်စစ်မှာ အဓိက ပြသနာက ဘာလည်းဆိုရင် သူတို့အားလုံးကအထောင်တိုက်စစ်မှုး မဟုတ်တာပါပဲ။ မာရှယ်က ပြီးခဲ့တဲ့ရာသီမှာ ဂိုးများစွာသွင်းယူပြီးဖန်တီးမှု့တွေလည်းလုပ်ခဲ့တော့ ကျနော်တို့ကို တကယ့်တိုက်စစ်မှုးရပြီလို့ထင်ခဲ့စေတာပါ။ဒီရာသီအစမှာတော့ သူကခြေစွမ်းဆိုးရွားနေပြီး သူမလုပ်နိုင်ဘူး ဆိုတာ ပြသနေတာပဲလေ

” မာရှယ်က ယူနိုက်တဒ်တိုက်စစ်ကို ဦးဆောင်နိုင်တယ်ဆိုတာက လွဲမှားသွားတဲ့ ပြော ဆိုမှု့တစ်ခုပါပဲ။ ဒါကြောင့်လည်းကျနော့်အနေနဲ့ သူတို့အတွက်နံပတ်(၉)စစ်စစ် လိုတယ်လို့ပြောနေတာပါ။သူတို့အနေနဲ့ ဟာလန်းကိုခေါ်ယူသင့်ပြီး နော်ဝေးလ်တိုက်စစ်မှုးက ရော်နယ်ဒို၊မက်ဆီ အဆင့်တန်းမျိုး ဒီနှစ် မှာ ပြသထားနိုင်ပါတယ်။ ”

” ဒါကြောင့်ကျနော်က ဆန်ချိုက ယူနိုက်တဒ်အတွက်သင့်တော်တဲ့ လူလို့မထင်တာပါ။ယူနိုက်တဒ်မှာ သူ့လို ကစားနိုင်တဲ့သူ (၃)ယောက်တောင်ရှိနေတယ်လေ။သန်း(၁၀၀) ဖြစ်ဖြစ် ဘယ်လောက်ပဲဖြစ်ဖြစ် ဒီအပြောင်းအရွှေ့ကမှန်ကန်တဲ့အပြောင်းရွှေ့မဖြစ်နိုင်ပါဘူး။ဒါကြောင့်လည်းကျနော်ကတော့စိတ်မပျက်ခဲ့တာပါ။သူကသိပ်ကောင်းတဲ့ကစားသမားပါ။ဘယ်အသင်းကိုမဆိုလည်း သူကတိုးတက်နိုင်တဲ့အနေထားရှိပေမယ့် ယူနိုက်တဒ်အတွက် သူကမလိုအပ်သေးတာအသေချာပါပဲ”လို့ဆိုပါတယ်။

Leave a Comment

Your email address will not be published.