ယူနိုက်တက်ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကတော့ စပါးအသင်းကို ဂိုးပြတ်ရှုံးနိမ်ခဲ့တဲ့ပွဲစဉ်တုန်းက နည်းပြဆိုးလ်ရှားနဲ့ ပဋိပက္ခဖြစ်ခဲ့တယ်ဆိုတဲ့ ကောလာဟလသတင်းတွေကို ငြင်းဆိုသွားခဲ့ပြီး အသင်းစည်းလုံးမှုပြိုကွဲအောင် သူ့နာမည်သုံးပြီး လျောက်မဖွကြဖို့ သတိပေးသွားခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဉီးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပေမဲ့ ပထမပိုင်းပွဲစဉ်အပြီးမှာ လူစားလဲခံခဲ့ရပါတယ်။ဒီလိုလူစားလဲခံခဲ့ရတာဟာ နည်းပြဆိုးလ်ရှားနဲ့ရော အသင်းဖော်တွေနဲ့ရော ပြဿနာတက်ခဲ့တာမဟုတ်ကြောင်း ဖာနန်ဒက်စ်က ရှင်းပြသွားခဲ့ပါတယ်။

“အသင်းဖော်တွေနဲ့ ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။ပြဿနာမတက်ခဲ့ပါဘူး။ဗစ်တာလင်ဒီလော့ဖ်တစ်ယောက်တည်းနဲ့ပဲ ဆွေးနွေးပြောဆိုမှုတွေ ရှိခဲ့တာပါ။ဒါကလည်း အရင်ကပါ။နည်းပြဆိုးလ်ရှားနဲ့လည်း ဆွေးနွေးမှုတွေပဲ ရှိခဲ့တာပါ”

“အခုလိုပြောဆိုနေကြတာတွေက အသင်းကို မတည်မငြိမ်ဖြစ်အောင် လုပ်နေကြတယ်လို့ မြင်မိတယ်။ပြောဆိုနေတာတွေ တစ်ခုမှ မမှန်ပါဘူး။ပထမပိုင်းပွဲအပြီးမှာ လူစားလဲခံရတယ်။ဒါက နည်းဗျူဟာ အပြောင်းအလဲကြောင့်ပါ။ပြိုင်ပွဲက ပြီးသလိုဖြစ်သွားပြီဖြစ်တဲ့အတွက် နောက်ပွဲတွေအတွက်ပဲ အာရုံစိုက်ဖို့ နည်းပြက ကျွန်တော်ကို ပြောခဲ့တယ်။ကျွန်တော်အနေနဲ့ သိပ်သဘောမကျခဲ့ပေမဲ့ ဘာပြဿနာမှ မရှာခဲ့ပါဘူး”

ယူနိုက်တက်အသင်းကို အခက်တွေ့အောင် ကျွန်တော့်နာမည်ကို အသုံးမချကြပါနဲ့။အသင်းဖော်တွေကိုရော၊နည်းပြကိုရော မဟုတ်တာတွေ မပြောကြပါနဲ့။အားလုံး အဆင်ပြေပါတယ်။နောက်ပွဲကြရင်တော့ ဝေဖန်သံတွေတိတ်သွားအောင် လုပ်ပြပါ့မယ်ဗျာ”ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။credit  FOREVERGGMU

Leave a Comment

Your email address will not be published.