အာဆင်နယ်အသင်းကိုအပြောင်းအရွှေ့နောက်ဆုံးရက်ကမှ ပေါင်လေးဆယ့်ငါးသန်းနဲ့ပြောင်းရွှေ့လာတဲ့ ဂါနာကွင်းလယ်ကစားသမားသောမတ်ပါတေးဟာ အဆင်နယ်အသင်းရဲ့လေ့ကျင့်ရေးကွင်းကိုပထမဆုံးသွားရောက်ပြီးအသင်းဝတ်စုံနဲ့ဓါတ်ပုံသွားရောက်ရိုက်ကူးရာမှာအသင်းရဲ့ကန္ဓဝင်ကစားသမားကြီး အီရန်ရိုက်၊အသင်းဖေါ်တိုက်စစ်မှူးအော်ဘာမီယမ်းနဲ့လာကာဇက်တို့ကိုတွေ့ခဲ့ကြောင်း Daily Mailသတင်းအရသိရပါတယ်။

အာဆင်နယ်Tvအတွင်အင်တာဗျူးပေးနေတဲ့ပါတေးကို ရိုက်ကမေးခွန်းအချို့မေးပြန်းမှုတွေပြုလုပ်ခဲ့ကြောင်းသိရပြီးအဆိုပါအင်တာဗျူးအစီအစဉ်ပြီးနောက်မှာတော့ရိုက်ဟာ အသင်းနည်းစနစ်ဒါရိုက်တာ အီဒူးနည်းပြအာတေးတားနဲ့အသင်းဖေါ်အော်ဘာမီယန်း၊လာကာဇတ်တို့နဲ့ စကားလက်ဆုံပြောခဲ့ကြကြောင်း သိရပါတယ်။

ပါတေးက ကျွန်တော်ပါတ်ဝန်းကျင်အသစ်မိသားစုအသစ်မှာ တိုးတတ်အောင်ကျိုးစားသွားမှာ အော်ဘာမီယမ်းလိုကစားသစားသမားဟာကြီးကျယ်ခမ်းနားပြီးအာဆင်နယ်ရဲ့ပြရုပ်ဖြစ်ပါတယ်သူတို့နဲ့တွဲကစားဖို့စိတ်လှုပ်ရှားနေကြောင်းဆိုပါတယ်။

ပါတေးဟာ အတ္တလန်တီကိုအသင်းနဲ့ ယူရိုပါလိဂ်ဖလားရရှိခဲ့သလိုချိန်ပီယံလိဂ်ဖိုင်နယ်ပွဲကိုလည်းရောက်ရှိခဲ့သူဖြစ်ကာ အာဆင်နယ်အသင်းကိုလည်းပြုပြင်ပြောင်းလည်းမှုတွေပြုလုပ်နေတဲ့ နည်းပြအားတေးတားရဲ့နည်းစနစ်မှာ မရှိမဖြစ်အရေးပါတဲ့နေရာမျိုးကနေပါဝင်ရဖွယ်၇ှိနေကြောင်းနဲ့ မာကြောတဲ့ပုံစံမျိုးကစာတတ်တဲ့ ကစားသမားနည်းနေတဲ့အာဆင်နယ်အလယ်တန်းအတွက် ပါတေးဟာ ထူးခြားမှုတွေယူလာပေးတော့မှာပါ

Leave a Comment

Your email address will not be published.