အပြောင်းအရွှေ့ရာသီကုန်ဆုံးသွားပေမယ့် အင်္ဂလန်အောက်တန်းအသင်းများကိုပြောင်းရွှေ့ခွင့်နဲ့အမေရိက၊အာရှနိုင်ငံများကိုပြောင်းရွှေ့ခွင့်တွေရှိနေသေးတာကြောင့် မန်ယူအသင်းဟာလူငယ်ကစားသမားတွေကို အငှားချမယ့်အစီအစဉ်တွေကိုဆက်လက်လုပ်ဆောင်နေပြီးအသင်းကြီးမှ တတိယဂိုးသမားရိုမဲရိုးကိုလည်း အမေရိကန်ကလပ်အသင်းတခုကိုပြောင်းရွှေ့ခွင့်ပေးမယ်လို့ဆိုပါတယ်။

ပြည်တွင်းပြောင်းရွှေ့ရက်ရဲ့နောက်ဆုံးနေ့ဖြစ်တဲ့အောက်တိုဘာ၁၆ရက်မတိုင်မီမန်ယူအသင်းကနေအငှားချတော့မယ့်လူငယ်ကစားသမားတွေကတော့လူငယ်နောက်ခံလူမန်ဂီ၊ဖူဆိုမန်ဆက်၊အီသန်လီယက်၊ဘာနာရက်တို့ဖြစ်ပြီးအသင်းရဲ့အခြားဂိုးသမားတစ်ဦးဖြစ်တဲ့အသက်၃၇နှစ်အရွယ်လီဂရန့်ကလည်းထွက်ခွါဖို့ရှိနေတယ်ဆိုပါတယ်။

အလားအလာကောင်းတွေပြည့်နေတယ်လူငယ်နောက်ခံလူမန်ဂီကတော့ ဥရောပအတွေ့အကြုံတွေအတွက် ယူရိုပါလိဂ်ကစားရမယ့်အသင်းတသင်းကိုအငှားချဖို့၇ှိနေပြီးဒဏ်ရာကပြန်လာတဲ့ဖူဆိုမန်ဆက်ကတော့ ချန်ပီယံရှစ်အသင်းတသင်းမှာ အငှားသွားကစားရဖို့ရှိနေကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.