မန်ယူအသင်းမှ ဖိအားများပြီးခြေစွမ်းပျောက်ဆုံးနေတဲ့အသင်းခေါင်းဆောင်ဗဟိုနောက်ခံကစားသမားမက်ဂွိုင်းယားကိုခေတ္တအနားပေးရန်မန်ယူဂန္ဓဝင်ကစားသမားဟောင်း ဖာဒီနန်မှ နည်ဒပြဆိုးရှားကို အကြံပြုလိုက်ပါတယ်။ဖာဒီနန်က အခုအခြေနေမျိုးမှာ မက်ဂွိုင်းယားကို မီးဖိုကြီးထဲကနေခဏလောက်ထုတ်ပေးလိုက်ဖို့ပြောလိုက်တာပါ။

ဖန်ဒီနန်ကပြောကြားရာမှာ အိုးလေးလက်ထဲမှာသိပ်ကိုကြီးမားတဲ့တာဝန်တွေရှိနေတာသိပါတယ်။မက်ကလည်းအသင်းအတွက်အရေးအပါဆုံးနေရာမှာရှိနေတာပါဘာဖြစ်နေနေခုချိန်မှာ မက်ဂွိုင်းယားကို ခေတ္တအနားပေးဖို့လိုနေပါပြီ။သူ့ရဲ့ယုံကြည်မှုတွေကြံ့ခိုင်မှုတွေပြန်တည်ဆောက်ဖို့လိုပါတယ်။

ကျွန်တော်ကစားနေတုန်းကလည်းဒါမျိုးဖြစ်ဘူးပါတယ် နည်းပြကကျွန်တော်မှတ်မိသလောက် မစ်ဒယ်ဘရော့နဲ့အဝေးကွင်းပွဲစဉ်ထင်ပါတယ်ကျွန်တော်ကိုအနားပေးခဲ့ပြီးကျွန်တော့်ကိုပြောခဲ့တယ်မင်းကောင်းကောင်းပြန်လာခဲ့ပါကောင်ကောင်လေ့ကျင့်ပြီးနေခဲ့ပါလို့ပြောပြီးအနားပေးခဲ့ပါတယ်လေးရက်တပွဲလောက်ကစားနေရတဲ့အချိန်မှာ ခေတ္တနားချိန်လေးအလွန်အရေးပါခဲ့သလို ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်ခဲ့ပါတယ်ကျွန်တော်လည်းအကောင်းဆုံးပြန်ကစားနိုင်ခဲ့ပါတယ်။

ဒီလိုအတွေ့အကြုံတွေနဲ့ယှဉ်တွဲပြီးအိုလေးကို အကြံပေးချင်တာပါ။ဘောလုံးကိုရိုးရိုးရှင်းရှင်းဘဲကစားပြီးယုံကြည်မှုကိုတည်ဆောက်တာအရမ်းထိရောက်ပါတယ်အခုချိန်မှာ သူဟာမှားယွင်းတဲ့ဆုံးဖြတ်ချက်တွေချနိုင်ပါတယ်လို့ပြောကြားသွားခဲ့ပါတယ်။

မက်ဂွိုင်းယားဟာ စပါးအသင်းကိုအိမ်ကွင်းမှာ ၁-၆နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အမှားများခဲ့သလိုအင်္ဂလန်အသင်းအိမ်ကွင်းမှာ ဒိန်းမက်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာလည်း ပွဲချိန်အစောပိုင်းထဲကထုတ်ပါယ်ခံခဲ့ရလို့ဝေဖန်မှုတွေကြုံတွေ့နေရသူပါ။

Leave a Comment

Your email address will not be published.