မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါပေါ့ဘာကို အိုးထရက်ဖို့စ်မှာဆက်ရှိစေနေနိုင်ဖို့ စာချုပ်သက်တမ်း ၁၂လကိုတိုးမြှင့်လိုက်ပြီဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်မန်နေဂျာ အိုလေဆိုးရှားကိုဒီသတင်းကို အတည်ပြုသွားတာဖြစ်ပြီး ဒီစာချုပ်အ၇‌ ပေါ့ဘာဟာ ၂၀၂၂ နွေရာသီအထိ ယူနိုက်မှာဆက်ရှိနေမှာဖြစ်ပါတယ်။သီအိုရီအရဆိုရင်တော့ ပေါဘာဟာ ဇန်နဝါရီလမှာ တခြားအသင်းတစ်ခုခုနဲ့ အကြိုစာချုပ်ချူပ်ဆိုနိုင်သွားတော့မှာလည်းဖြစ်ပါတယ်။

ပေါ့ဘာဟာမကြာသေးခင်ကပဲ သူရဲ့ အိမ်မက်ဟာ ရီးရဲမက်ဒရစ်အသင်းမှာ ကစားဖို့ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားပေမယ့် ကမ္ဘာ့ဖလားအနိုင်ရသူဟာ သရဲနီတပ်သားတွေနဲ့နောက် ၂နစ်အကြာထိ အသင်းမှာ ဆက်လက်ရှိနေလိမ့်ဦးမယ်လို့ ဆိုးလ်ရှားကသတင်းထောက်တွေကို နယူးကာဆယ်နဲ့ပွဲမတိုင်မီလုပ်တဲ့ သတင်းစာရှင်းပွဲမှာပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ရဲ့ ကစားသမား ပေါ်က ဒီမှာ ၂နှစ်လောက်ထပ်ရှိသွားဦးမှာပါ။ သူဟာအလုပ်ကို အကောင်းဆုံးလုပ်ဖို့အာရုံစိုက်ထားပါတယ်။ ကျွန်တော်တို့ဟာ ပေါ်ရဲ့ အကောင်းဆုံးကို မြင်တွေ့ချင်ပါတယ်။ နောက်၂နစ်အကြာတွင်းမှာသူ့ဆီက အကောင်းဆုံးတွေရမယ်လို့” ကျွန်တော်တို့ မျှော်လင့်ပါတယ်လို့ဆိုလ်းရှားကပြောဆိုခဲ့ပါတယ်။အီတလီဂျာနယ်လစ်တစ်ဦးကတော့ ကိုရိုနာဗိုင်းရပ်စ်သာ မဖြစ်ခဲ့ရင် ပေါ့ဘာဟာ ဂျုဗင်တပ်စ် အသင်းကို နွေရာသီအကုန်လောက်မှာပြောင်းလိမ့်မယ်လို့ဆိုပါတယ်။

 

 

 

 

 

 

 

 

Leave a Comment

Your email address will not be published.