ရော်နယ်ဒိုကိုဗစ်ပိုးတွေ့ရှိခဲ့ရတဲ့ အတွက် အင်ဂလန်ဥပဒေအရ ကွာရန်တင်း ၁၄ရက် ဝင်ရမယ်ဆိုပြီး သတင်းတွေထွက်နေတဲ့ ဘရူနိုဖာနန်ဒက်ဟာ Qဝင်ရဖွယ်မရှိတော့တဲ့အတွက် နယူးကာဆယ်ကိုထွက်ခွာသွားပြီလို့သိရပါတယ်။ယူနိက်တက်က တရားဝင်မထုတ်ပြန်သေးပေမယ့် ဘရူနိုဖာနန်ဒက်စ်နဲ့ လင်ဒီလော့တို့ဟာ မန်ချက်စတာယူနိက်တက်လေဆိပ်ကနေ့ နယူးကာဆယ်ကို ထွက်ခွာသွားတဲ့ပုံတွေကိုမီဒီယာတွေကဖော်ပြခဲ့ပါတယ်

ဘရူနို ဖာနန်ဒက် လင်ဒီလော့တို့အပြင် အသင်းခေါင်းဆောင်မက်ဂွိုင်းယားနဲ့ အသစ်ခေါ်ယူထားတဲ့ အဲလက်စ်တဲလက်စ်တို့လည်း နယူးကာဆယ်မြို့ကိုထွက်ခွာတဲ့လူစာရင်းမှာလိုက်ပါသွားခဲ့ပါတယ်ခုဆိုရင် ယူနိုက်တက်အသင်းရဲ့ သရဲနီတပ်သားကြီး ၄ယောက်ဟာ နယူးကာဆယ်ကိုရင်ဆိုင်ဖို့ အသင့်ဖြစ်နေပြီဖြစ်ပေမယ့် ယူနိုက်တက်ဘက်ကတော့ အသင်းလူစာရင်းနဲ့ပက်သက်ပြီးတရားဝင်ထုတ်ပြန်ထားတာမရှိသေးပါဘူး

ဘရူနိုဟာ အသင်းဖော်ရော်နယ်ဒို ကိုဗစ်ကူးစက်ခံလိုက်ရလို့ Q၁၄ရက် ဝင်ရမယ်ဆိုပြီးသတင်းတွေထွက်လာခဲ့တာပါ။ တကယ်လို့ ကွာရန်တင်းသာ ၁၄ရက် ဝင်ခဲ့ရမယ်ဆို ယူနိုက်တက်ရဲ့ အဓိက ပွဲကြီး ၄ပွဲကို လွှဲချော်ရတော့မှာဖြစ်ပါတယ်။ အခုအခါ နယူးကာဆယ်ကိုထွက်ခွာခါနီးလေဆိပ်ကပုံတွေတက်လာခဲ့လို့ ကွာရန်တင်းဝင်စရာမလိုတော့တဲ့ပုံပဲဖြစ်ပါတယ်။ဖိအားတွေနဲ့ရင်ဆိုင်ရတဲ့မက်ဂွိုင်းယားကလည်း အကောင်းဆုံးပုံစံနဲ့ ပွဲထွက်လာဖို့မျှော်လင့်ရပြီး မက်ဂွိုင်းယားက လွယ်လွယ်နောက်ဆုတ်တတ်သူမဟုတ်ဘူးလို့ ဆိုးလ်ရှားကပြောထားပါတယ်။

ပရိတ်သတ်တွေမျော်လင့်ထားတဲ့ ကာဗာနီကတော့ ဒီပွဲကို ကစားနိုင်သေးမှာမဟုတ်ပဲ ကွာရန်တင်းဝင်နေရတုန်းပဲဖြစ်ပါတယ်။

 

 

 

 

 

 

 

Leave a Comment

Your email address will not be published.