မန်ယူအသင်းရဲ့ဝေလ်းတောင်ပံကစားသမားလေးဒန်နီရယ်ဂျိမ်းဟာ အသင်းရဲ့လေကျင့်ခန်းအစီအစဉ်တခုမှာမျက်နှာမှာဒဏ်ရာရခဲ့ကြောင်းသိရပါတယ်။အသင်းဖေါ်တွေနဲ့ တဖက်လေးယောက်စီခွဲပြီး ကစားတဲ့အစီအစဉ်မှာအဆိုပါဒဏ်ရာကိုရရှိခဲ့ကြောင်းသိရပါတယ်။

ဒဏ်ရာရဲ့ပမာဏဟာအတော်ကြီးမားခဲ့လို့ မိဒီယာတွေရဲ့ ပစ်ကွင်းထဲကိုရောက်ခဲ့ရပြီး အသင်းရဲ့လေ့ကျင့်ကွင်းကို ကားမောင်းဝင်လာတဲ့ဂျိမ်းနဲ့ဘယ်ဘက်မျက်လုံးအောက်မှာ အဆိုပါဒဏ်ရာကိုထင်ရှားစွာတွေ့နေရပါတယ်။ယခုလိုဒဏ်ရာရရှိပေမယ့်ဂျိမ်းဟာနယူကာဆယ်အသင်းနဲ့အဝေးကွင်းပွဲစဉ်အတွက် အသင်းနဲ့အတူထွက်ခွာသွားခဲ့ကြောင်းသတင်းရရှိပါတယ်။

ဂျိမ်းဟာယခုအပြောင်းအရွှှေမှာ အသင်းတော်တော်များများရဲ့စိတ်ဝင်စားခြင်းကိုခံခဲ့ရပြီးလိဒ်ယူနိုက်တတ်အသင်းကို အငှားနဲ့ပြောင်းရွှေ့လုနီးပါအခြေနေမျိုးထိရောက်ခဲ့ပေမယ့် ကစားသမားကအသင်းမှထွက်ခွါလိုခြင်းမရှိဘဲအသင်းမှာဘဲနေရာတနေရာကိုတိုက်ပွဲဝင်သွားမယ်လို့ဆုံးဖြတ်တာကြောင့်
ယခုလိုအသင်းမှာဆက်လက်ရှိနေတာပါ။

Leave a Comment

Your email address will not be published.