ဇန်နဝါရီအပြောင်းအရွေ့တွင် ဝါရင့်ကစားသမားသုံးဦးဝယ်မည်

မန်ချက်စတာယူနိုက်တက်စ်ဟာ ကစားသမားတွေအထိုင်မကျမှု လူဝယ်တာအံမဝင်မှုများကြောင့် ရှုံးပွဲများ နှင့် ရာသီအစမှာ ပေးဂိုးများ အများအပြားပေးနေရကာ နည်းပြနှင့်ကစားသမားများမှာ ရာသီအစတွင် ဖိအားများနှင့်ရုန်းကန်ရလျက်ရှိပါတယ်…

နည်းပြဆိုးရှားလ်ကလည်း နိုင်ငံခြားသတင်းဌာနများ ဆိုရှယ်မီဒီယာများတွင် ကြိုးဆွဲရာကသော အရုပ်တရုပ်အဖြစ် ပြစ်တင်ဝေဖန်ရေးသားခြင်းကို ခံနေရပါတယ်…ယခုလို အခက်ခဲတွေကြားကနေ မန်ယူနည်းပြ ဆိုးရှားလ်အတွက် နယူးကာဆယ်ကို ဂိုးပြတ်နိုင်ပွဲကနေ အနည်းငယ်အသက်ရှုချောင်စေခဲ့ပါတယ်…..

လာမယ့် အပတ်တွင် ဆိုးရှားလ်ဟာ ပြင်သစ်မြေမှာ သွားရောက်ကစားရမယ့် PSG နဲ့ ပွဲမှာ လည်း ရလဒ်ကောင်းရယူနိုင်ဖို့ ဖိအားတွေကို ဘုတ်အဖွဲ့က ပေးထားပါတယ်…မန်ယူအသင်းရဲ့ လက်ရှိ လူငယ်ကစားသမားများက ချန်ပီယံလိဂ်အတွေ့အကြုံနည်းသေးသည့်အတွက် ဆိုးရှားလ် အတွက် အနည်းငယ် ခက်ခဲမှာတော့ အမှန်ပါဘဲ….

ဒါပေမဲ့ လွန်ခဲ့တဲ့နာရီပိုင်းအတွင်းက Manchester Evening Park News မှာ မန်ယူဘုတ်အဖွဲ့က ဇန်နဝါရီအပြောင်းအရွေ့မှာ ဝါရင့်ကစားသမား ၃ ဦးကို အရခေါ်ယူသွားမယ့်လို့ သတင်းထွက်နေခဲ့ပါတယ်…..မန်ယူဘုတ်အဖွဲ့ကတိတည်မလား ရယ် ဆိုးရှားလ်ရဲ့ အသင်းလက်ရှိကစားသမားတွေ ရလဒ်ကောင်းတွေဆက်ရယူနိုင်မလား ဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရအုံးမှာဖြစ်ပါတယ်…

Leave a Comment

Your email address will not be published.