ဗန်ဒါဘိပွဲထွက်ခွင့်ရရှိတော့မယ့်အချိန်ကိုပြောလိုက်တဲ့ဆိုးရှား

အေဂျက်အသင်းမှ ဝယ်ယူထားတဲ့နယ်သာလန်ကွင်းလယ်ကစားသမားဗန်ဒါဘိဟာ မန်ယူအသင်းမှာအရန်ကစားသမားအဖြစ်သာလူစားဝင်ရောက်ကစားခွင့်ရနေရာမှာ ခြေစွမ်းပြကစားနိုင်တာကြောင့် အသင်းမှာပွဲထွက်ကစားခွင့်ပေးတော့မယ်လို့ နည်းပြဆိုးရှားကပြောလိုက်တာပါ။

ဗန်ဒါဘိဟာ ပရီးမီးယားလိဂ်လေးပွဲမှာ စုစုပေါင်း၅၉မိနစ်သာကစားရသေးပြီး ကစားခွင့်ရတဲ့အချိန်တိုင်းမှာအသင်းအတွက်ခြေစွမ်းပြနိုင်ခဲ့သူလည်းဖြစ်ပါတယ်။ပွဲချိန်ပြည့်ကစားခွင့်ရခဲ့တဲ့ဘရိုက်တန်အသင်းနဲ့လိဂ်ဖလားပွဲစဉ်မှာ ဂိုးသွင်းခွင့်ဖန်တီးပေးခဲ့သလို မာတာနဲ့အတွဲညီညီကစားပြီး တဖတ်အသင်းကိုဖိအားပေးကစားနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

မနေ့ညကနယူးကာဆယ်အသင်းကိုအဝေးကွင်းမှာနောက်ကျဂိုးတွေနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ
ဗန်ဒါဘိဝင်ရောက်လာပြီးနောက်ပိုင်းမှာ ဖာနန်ဒက်၊ပေါ့ဘာ၊ရက်ဖို့၊ဗန်ဒါဘိတို့ဟာ လှပတဲ့တွဲလုံးတွေနဲ့တဖက်အသင်းကို အဆက်မပြတ်ဖိအားပေးခဲ့ပြီး နောက်ဆုံးဆယ်မိနစ်မှာအနိုင်ဂိုးသုံးဂိုးလုံးသွင်းယူခဲ့ပါတယ်။

အဆိုပါပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ နည်းပြဆိုးရှား ကဗန်ဒါဘိဟာ လေ့ကျင့်ရေးကွင်းမှာကောပွဲစဉ်တွေမှာပါ အလွန်ကိုကစားပုံကောင်းသူပါဒီနေ့ပွဲစဉ်မှာဆိုသူ့စီက ဘောလုံးတလုံးမှ ပျက်သွားတာကျွန်တော်မတွေ့ဘူးသူ့အသင်းရဲ့ကွင်းလယ်ကို မျှတစေသူပါ။သူဟာအသင်းမှာ အလွန်ကိုထူးချွန်တဲ့ကစားသမားတစ်ယောက်ပါ။သူ့ကိုလာမယ့်ရက်သတ္တပါတ်တွေမှာ အသင်းရဲ့ပွဲထွက်စာရင်းမှာမြင်ရမှာပါလို့ပြောသွားခဲ့ပါတယ်

Leave a Comment

Your email address will not be published.