မာရှယ်မပါလို့သွင်းဂိုးတွေရတာလို့ဖွလိုက်ပြန်တဲ့ဂယ်ရီနဗီး

မန်ယူအသင်းရဲ့ဂန္ဓဝင်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ဂယ်ရီနဗီးဟာယမန်နေ့ညကနယူးကာဆယ်ကိူအဝေးကွင်းမှာ နောက်ကျဂိုးတွေနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဘောလုံးဝေဖန်သူအဖြစ်ဆောင်ရွက်ခဲ့သူပါ။အသင်းဟာစိတ်လှုပ်ရှားဖွယ်နောက်ဆုံးဆယ်မိနစ်မှာအနိုင်ဂိုးသုံးဂိုးဆက်တိုက်သွင်းယူပြီးနောက်အစီအစဉ်ကြေညာနေစဉ်မှာဘဲဒီညတော့သူအိပ်မရတော့ဘူး အသင်းရဲ့ခြေစွမ်းကြောင့်လေပေါ်မှာလမ်းလျှောက်နေရသလိုခံစားရကြောင်းပြောဆိုသွားပါတယ်။

အဆိုပါအစီအစဉ်အပြီးThe Sun နဲ့သီးသန့်အင်တာဗျူးမှာ နဗီးက အသင်းရဲ့ကစားပုံတွေကိုချီးကျူးပြောကြားသွားခဲ့ပြီးအသင်းခေါင်းဆောင်မက်ဂွိုင်းယားရဲ့ဖိအားအောက်ကရုန်းထွက် ပြနိုင်တဲ့စိတ်ဓါတ်ကို အထူးချီးကျူးခဲ့ပါတယ်။ဖာနန်ဒက်၊ဗန်ဒါဘိ၊ပေါ့ဘာနှင့်ရက်ဖိုစ့်တို့ရဲ့ တွဲလုံးကစားပုံတွေကိုချီးကျူးခဲ့သလိုအနီကဒ်ပြစ်ဒဏ်ကြောင့်အသင်းရဲ့လူစားရင်းမှာမပါနိုင်တဲ့ တိုက်စစ်မှူးမာရှယ်ကိုတော့ဝေဖန်သွားခဲ့ပြီး မနေ့ကပွဲစဉ်မှာ မာရှယ်သာပါဝင်ခွင့်ရမယ်ဆိုအခုလိုဂိုးတွေအများအပြားရရှိမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

မာရှယ်ရဲ့ကစားပုံဟာဘောလုံးဆုံးရှုံးမှုအလွန်များပြီး တန်ပြီတိုက်စစ်စတင်ချိန်မှာ ဘောလုံး ကိုင်ထားတာအလွန်ကြာမြင့်တာကြောင့် ရက်ဖိုစ့်သွင်းယူခဲ့တြဲ့စတ္တုထဂိုးမျိုးဟာမာရှယ်ပါဝင်နေရင်သွင်းယူဖို့မလွယ်ဘူးလို့ နဗီးကပြောပါတယ်။မန်ယူအသင်းရဲ့ဂန္ဓဝင်ကစားသမားတွေဟာ မာရှယ်ရဲ့စိတ်တတ်ကြွဖွယ်မရှိတဲ့ကစားပုံကို အမြင်မကြည်ဖြစ်နေကြပြီးယခင်တပါတ်ကလည်းပေါလ်စခိုးက မာရှယ်ဟာအတုအယောင်တိုက်စစ်မှုးလို့ဝေဖန်ထားပါသေးတယ်။

Leave a Comment

Your email address will not be published.