ကာဗာနီဟာဘယ်လို လူစားမျိုးလဲဆိုတာထုတ်ပြောလိုက်တဲ့ ဒီယေဂိုဖော်လန်မန်ချက်စတာယူနိုက်တက်ရဲ့ ထိပ်တန်းခေါ်ယူမှုတစ်ခုလို့ပြောရမယ့် တိုက်စစ်မှူးကာဗာနီဟာ ခုဆို သူ့ရဲ့ အသင်းဟောင်းဖြစ်တဲ့ PSGကိုရင်ဆိုင်ဖို့လေ့ကျင့်ရေးကွင်းမှာ ရောက်ရှိလို့နေပါပြီ။

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ယူကစားသမားဟောင်းနဲ့ဥရုဂွေး လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဒီယေဂိုဖော်လန် ဟာယူနိုက်တက်က ခေါ်ယူထားတဲ့ ကာဗာနီနဲ့ပက်သက်ပြီး သူ့ရဲ့အမြင်ကိုခုလိုပြောကြားလိုက်ပါတယ်။“Edinson(ကာဗာနီ)က ကစားသမားကောင်းတစ်ယောက်ဖြစ်နေတုန်းပါဘဲ။ကျွန်တော်ကတော့ သူခြေကျလာတဲ့ပုံမျိုးမမြင်မိပါဘူး။ဇလာတန်ကိုယူနိုက်တက်ခေါ်ခဲ့တုန်းကလိုဘဲ ဒီတစ်ခါလည်းယူနိုက်တက်ရဲ့ထိပ်တန်းလူခေါ်မှုတစ်ခုပါ။သူကလည်းအဲဒီ့လိုကစားသမားမျိုးပါဘဲ။သူကစံပြအနေနဲ့ဦးဆောင်ပါလိမ့်မယ်။သူ့ရဲ့ကစားပုံတွေ၊လေ့ကျင့်ရေးကွင်းမှာလေ့ကျင့်တဲ့ပုံစံတွေက ယူနိုက်တက်လူငယ်တွေအပေါ် အပေါင်းလက္ခဏာဆောင်ပါလိမ့်မယ်။သူကဆုဖလားတွေအများကြီးကိုရယူခဲ့ဖူးတဲ့ အောင်နိုင်သူတစ်ယောက်ပါ။သူက ဂိုးတွေအများကြီးသွင်းခဲ့တဲ့တိုက်စစ်မှူးတစ်ဦးပါ၊ဒါ့အပြင် ဂိုးဖန်တီးမှုတွေကိုလည်းပြုလုပ်ပေးတတ်တဲ့ကစားသမားတစ်ဦးပါ။”အိုးထရက်ဒ်ဖို့ဒ်ရဲ့ အသစ်စက်စက်တိုက်စစ်မှူး တားဂတ်မန်းကြီး အက်ဒီဆင်ကာဗာနီကတော့ သူ့အရင် မန်ယူနိုက်တက်မှာ အောင်မြင်မှုမရှာဖွေနိုင်ခဲ့တဲ့ စီနီယာဥရုဂွေးသား ဒီယေဂိုဖော်လန်နဲ့ပတ်သတ်လို့ ထုတ်ဖော်ပြောကြားမှုတစ်ခုပြုလုပ်လိုက်ပါတယ်။ ၂၀၀၂-၂၀၀၃ခုနှစ်ဝန်းကျင်တွေတုန်းက မန်ချက်စတာယူနိုက်တက်မှာ ဆာအဲလက်စ်ဖာဂူဆန်ရဲ့ခေါ်ယူခြင်းကိုခံခဲ့ရတဲ့ သူ့ရဲ့စီနီယာလက်ရွေးစင်ကစားသမားကြီးအပေါ် ကာဗာနီက ထိပ်တန်းကစားသမားတစ်ဦးအဖြစ် သင်ယူလေ့လာခဲ့ရကြောင်းအခုလိုဆိုပါတယ်။

“ဒီယေဂိုနဲ့ကျနော်နဲ့ နိုင်ငံလက်ရွေးစင်အသင်းမှာ ကောင်းမွန်တဲ့နှစ်များစွာကို အတူတူကစားရင်းဖြတ်သန်းခဲ့ဖူးပါတယ်။ ကျနော်ငယ်ငယ်တုန်းက ဒီယေဂိုအကြောင်းကိုလဲ မှတ်မိနေတုန်းပဲဗျ။ သူမန်ချက်စတာယူနိုက်တက်မှာ ရောက်နေတုန်းကဆို ကျနော်ကလေးလေးပဲရှိသေးတာပါ။”

“အခုတော့ ဘယ်လိုတောင်တိုက်ဆိုင်မှုများလဲဗျာ။ ကျနော့်အလှည့်က အခု ဒီမှာကျရောက်လို့လာပြန်ပါပြီတဲ့။ ဒီယောဂိုက အပေါင်းလက္ခဏာဆောင်တဲ့စကားတွေပြောထားလို့ ကျနော်လဲသိထားပြီးသားပါနောက်ပြီး သူက ကျနော့်အကြောင်းလဲ ကောင်းတဲ့အကြောင်းအရာအချို့ကို ပြောထားဖူးတယ်နော်။ ”

“ကျနော်နဲ့သူကနဲ့က နိုင်ငံအသင်းရဲ့အစိတ်အပိုင်းတွေအဖြစ်နဲ့ ဂရိတ်အချိန်တချို့ကို အတူတူမျှဝေခံစားဖူးခဲ့ကြပြီး ခင်ဗျားအနေနဲ့ ထိပ်တန်းအဆင့်ကစားသမားတွေဆီက သူတို့ရဲ့ ဧရာမအတွေ့အကြုံတွေကို အမြဲသင်ယူနေရမှာပဲလေ” လို့ ဆိုသွားခဲ့ပါတယ်။အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် မန်ယူနဲ့ဥရုဂွေး လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်းဖြစ်သူ ဒီယေဂိုဖော်လန် ဟာ ကစားသမားဘဝကနေ အနားယူခဲ့တာကြာပါပြီ၊အသက်(၄၀)ပြည့်ပြီဖြစ်တဲ့ ဖော်လန်ဟာ ‌‌ဟောင်ကောင်ကလပ် ကစ်ချီမှာ နောက်ဆုံးကစားခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။

ကမ်းလှမ်းမှုတွေရှိသေး ပေမယ့် ပရော်ဖက်ရှင်နယ် ကစားသမားဘဝက အနားယူဖို့ ခက်ခဲစွာဆုံးဖြတ်ခဲ့ရကြောင်း ဖာ်လန်ကပြောကြားခဲ့ပါ တယ်။ (၂၀၁၀) ကမ္ဘာ့ဖလားပွဲမှာ ဥရုဂွေးအသင်းနဲ့အတူ စတုတ္ထဆုရခဲ့ပြီး၊ ပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဖော်လန်ဟာ(၂၀၁၁)ခုနှစ်မှာတော့ လက်ရွေးစင်အသင်းနဲ့ ကိုပါအမေရိကဖလား ချန်ပီယံဆုကို ရရှိခဲ့တာပါ။ကစားသမားဘဝကို အာဂျင်တီးနားကလပ် အင်ဒီပန်ဒီယန်တီမှာ စတင်ခဲ့တဲ့ ဖော်လန်အနေနဲ့ မန်ယူအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားတို့ကို ရရှိခဲ့သလို၊ အက်သလက်တီကိုအသင်းနဲ့လည်း ယူရိုပါလိဂ်ဆုဖလား ရရှိခဲ့ပါတယ်။ လက်ရွေးစင် ကစားသမားဘဝမှာတော့ ဖော်လန်ဟာ (၁၁၂) ပွဲပါဝင်ကစားခဲ့သလို၊ (၃၆)ဂိုးသွင်းယူပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။

 

 

Leave a Comment

Your email address will not be published.