မန်ယူမှာဘဲဆက်ရှိနေမယ်လို့ အရိပ်အယောင်ပြလိုက်တဲ့ရိုဂျို

မန်ယူအသင်းကနေအရောင်းစာရင်းတင်ထားပြီးအသင်းကနေထွက်ခွာဖို့ရှိနေတဲ့အာကျင်တီးနားနောက်ခံလူမာကိုရိုဂျိုဟာအသင်းမှာဆက်ရှိနေနိုင်အရိပ်အယောင်တွေပြတဲ့အင်စတာဂရမ်ပိုစ့်တခုကိုဒီကနေ့တင်လိုက်ပါတယ်။အဲ့ဒါကတော့အသင်းကိုအသစ်ရောက်ရှိလာတဲ့ဘရာဇီးနောက်ခံလူအဲလက်တဲလ်နဲ့အတူတကွလေ့ကျင့်နေတဲ့ပုံဖြစ်ပါတယ်။

ရိုဂျိဟာအဆိုပါပုံကိုတင်လိုက်ခြင်းဖြင့်သူဟာမန်ယူပထမအသင်းနဲ့အတူသာလေ့ကျင့်ခန်းဆင်းလျှက်ရှိတာကို သိစေလိုက်တာပါ။ရိုဂျိုဟာပထမအသင်းမှာလေ့ကျင့်ခန်းဆင်းနေပေမယ့်မနက်ဖြန်မှာကစားမယ့် PSGနဲ့ပွဲစဉ်မှာတော့ အသင်းလူားရင်မှာပါဝင်ရမှာမဟုတ်ပါဘူးဟူဟာမန်ယူအသင်းကချန်ပီယံလိဂ်ကစားခါင့်တင်ထားတဲ့ကစားသမားစာရင်းမှာ ချန်လှပ်ထားခြင်းခံရသူဖြစ်ပါတယ်။

ရုရှားပရီးမီးယားလိဂ်ရဲ့အပြောင်းအရွှေ့ဟာနောက်နှစ်ပါတ်အကြာမှ ပိတ်သိမ်းမှာဖြစ်တာကြောင့် ရိုဂျိုဟာ စပါးတတ်မော်ကို အသင်းရဲ့စိတ်ဝင်စားခြင်းခံနေရပြီးသူကိုယ်တိုင်ကလည်းပွဲထွက်ကစားခွင့် အတွက်ရုရှားဘက်ကကမ်းလှမ်းလာမယ်ဆိုရင်တော့ စိတ်ဝင်စားကြောင်းသိရပါတယ်။

Leave a Comment

Your email address will not be published.