မာတာကိုယ်ဘာကြောင့်အချိန်အကြာကြီးမသုံးဖြစ်တာလဲကိုယ့်ကိုယ်ကိုမေးခွန်းတွေမေးမိတယ်ဆိုတဲ့ဆိုးရှား

မန်ယူအသင်းနည်းပြဆိုးရှားဟာနယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အသင်းအတွက် နောက်ကွယ်က စွမ်းဆောင်မှုအကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့တဲ့စပိန်ကွင်းလယ်ကစားသမားမာတာကို သူ့အနေနဲ့ အသင်းရဲ့လူစာရင်းကထုတ်ထားခဲ့မိတာကိုနောင်တရကြောင်းဆိုသွားခဲ့ပါတယ်။

မာတာဟာအသက်၃၂နှစ်အရွယ် ရှိနေပြီး လျှင်မြန်မှုအနည်းငယ်ကျဆင်းနေပေမယ့် အကွင်မြင်တဲ့ဘောလုံးပေးပို့မှုတွေနေရာလွတ်ဖန်တီးပေးနိုင်မှုတွေဘောလုံးညဏ်ရည်မြင့်မားမှုတွေကို ပြသခဲ့ပါတယ်။မာတာရဲ့အကွက်မြင်တဲ့ကစားပုံတွေကြောင့် ညာနော်ခံကစားသမား ဘစ်ဆာကာ ဟာနေရာလွတ်များစွာ ရရှိခဲ့သလို ဂိုးတစ်ဂိုးပါသွင်းယူနိုင်ခဲ့ပါတယ်။

မာတာဟာ မက်ဂွိုင်းယားရဲ့ ချေပဂိုးတစ်ဂိုးကိုပဲ ဖန်တီးပေးနိုင်ခဲ့ပေမယ့် သူ့ခြေစွမ်းကိုတော့ နည်းပြဆိုးလ်ရှားကိုယ်တိုင် အသိအမှတ်ပြု ချီးကျူးပါခဲ့ပါတယ်

သူဟာ တကယ့်ကို ပရော်ဖက်ရှင်နယ်ပီသလွန်းတဲ့ကစားသမားပါ။ သူ့အရည်အချင်းဘယ်လောက်ရှိသလဲကို အသင်းသားအားလုံးသိကြပါတယ်။ ကစားခွင့်ရဖို့အတွက် အချိန်အကြာကြီးစောင့်ခဲ့ရပါတယ်။သူ့ကိုဘာကြောင့် ကျွန်တော် မသုံးတာလဲဆိုတာနဲ့ပတ်သက်လို့ ကိုယ့်ကိုယ်ကိုလည်း မေးခွန်းတွေအများကြီးမေးမိပါတယ်။ ဒါပေမယ့် အသင်းမှာကစားသမားကောင်းအများကြီးရှိတာကိုလည်း ထည့်တွက်ရပါမယ်”လို့ပြောပါတယ်။

Leave a Comment

Your email address will not be published.