အသင်းဖေါ်ဟောင်းမာတီနတ်ကိုအင်စတာဂရမ်မှာ ဂုဏ်ပြုခဲ့တဲ့မာတင်နယ်လီ

အာဆင်နယ်အသင်းမှ ဒဏ်ရာကြောင့်အနားယူနေရတဲ့ဘရာဇီးလူငယ်တိုက်စစ်မှူးလေးမာတင်နယ်လီဟာအသင်းဖေါ်ဟောင်းမာတီနတ်ရဲ့အင်စတာဂရမ်ပိုစ့်မှာဂုဏ်ယူကြောင်းသင်္ကေတ commentရေးသားဂုဏ်ပြုခဲ့ကြောင်းသိရပါတယ်။

မာတီနတ်ဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ဂိုးသမားနေရာမရနိုင်တော့လို့ အက်စတွန်ဗီလာအသင်းကိုပေါင်၁၇သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်းမှာ အက်စတွန်ဗီလာအသင်းရဲ့နံပါတ်၁ဂိုးသမားဖြစ်လာကာ အဆိုပါအသင်းနှင့်အတူ မယုံနိုင်စရာပရီးမီးယားလိဂ်အဖွင့်ပွဲတွေကိုဖြတ်သန်းနေပြီးလေးပွဲကစားလေးပွဲလုံးအနိုင်ရရှိကာထိုအထဲမှ သုံးပွဲက ပေးဂိုးမဲ့အနိုင်ရရှိထားတာပါ။

ပေးဂိုးပြန်ပေးရတဲ့ပွဲစဉ်ကလည်းချန်ပီယံလီပါပူလ်းအသင်းကို ၇-၂ဂိုးနဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဖြစ်ပြီးလေးပွဲမှာအဆိုပါပေးဂိုးနှစ်ဂိုးသာပေးရပြီးအလွန်ကောင်းမွန်တဲ့ မှတ်တမ်းကိုရရှိထားပါတယ်။

ယမန်နေ့ညက အက်စတွန်ဗီလာအသင်းက လက်စတာအသင်းကို အဝေးကွင်းမှာတစ်ဂိုးဂိုးမရှိနဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ပြီးနောက်မာတီနတ်က းသူ့ရဲ့ကွင်းထဲကဓါတ်ပုံတွေကို အင်စတာဂရမ်မှာတင်ခဲ့ပြီး commentမှာလည်းလေးပွဲ ကစားလေးပွဲနိုင်ပေးဂိုးမဲ့က၃ပွဲဟုရေးသားထားတာကို အာဆင်နယ်အသင်းဖေါ်ဟောင်းမာတင်နယ်လီကဂုဏ်ပြုတဲ့သရုပ်ဖေါ်ပုံcommentပြန်လည်ရေးသားခဲ့တာပါ။






Leave a Comment

Your email address will not be published.