VARစနစ်ကို ဝေဖန်မိလို့ ဟန်ဒါဆန် ပွဲပယ် (သို့မဟုတ်)ငွေဒဏ်ချမှတ်ခံရဖွယ်ရှိ
မာဆေးဆိုဒ်ဒါဘီပွဲမှာ ဆုံးဖြတ်ခဲ့တဲ့ VAR အခြေအနေတွေကို မေးခွန်းထုတ်ခဲ့တဲ့ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အက်ဖ်အေရဲ့ အရေးယူခြင်းကို ခံရနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ပွဲအပြီးမှာ ဟန်ဒါဆန်က ” VAR နဲ့ကြည့်တော့ လူကျွံဘောဖြစ်ကိုဖြစ်မှရမယ်။ ဒါက လူတိုင်းလိုချင်တဲ့ အခြေအနေဖြစ်နေတယ်လေ။ သူတို့က တစ်ခါတစ်လေမှာ လူကျွံဘောကို လိုသလိုမျဉ်းတွေနဲ့ ဆွဲကွေးလိုက်ကြတာပဲလေ။ ဒါက သူတို့လုပ်နေတာပဲ မဟုတ်လား? ” လို့ ဆိုခဲ့တာပါ။ပရီးမီးယားလိဂ်ဟာ လိဂ်ရဲ့ စည်းမျဉ်းတွေနဲ့ ပက်သက်လို့ ဝေဖန်ပြောဆိုမှုကို ခွင့်မပြုဘဲ အဆိုပါ အပြုအမှုတွေအတွက် ငွေဒဏ်နဲ့ ပွဲပယ် ပြစ်ဒဏ်တွေကို ချမှတ်လေ့ရှိတာ ဖြစ်ပါတယ်။ ဟန်ဒါဆန်က အက်ဖ်အေရဲ့ ဆုံးဖြတ်ချက်ကို စောင့်ရမယ်လို့ သိရပြီး အပြစ်ပေးရင်တော့ ငွေဒဏ် ကျခံရဖွယ်ရှိပါတယ်။
အက်ဖ်အေဘက်ကတော့ ဒိုင်လူကြီးတွေက လူကျွံဘော သက်မှတ်တဲ့ ကိစ္စကို ‘လူကျွံဘောကို လိုသလိုမျဉ်းတွေနဲ့ ဆွဲကွေးလိုက်ကြတာပဲလေ’ ဆိုတဲ့ မှတ်ချက်ကို အရေးယူမလားဆိုတာကို သုံးသပ်သွားမှာဖြစ်တယ်။ ပွဲအပြီးမှာ BT Sport နဲ့ အင်တာဗျူးအတွင်း ဟန်ဒါဆန် ပြောခဲ့တာကို အက်ဖ်အေက ၎င်းတို့ရဲ့ ပွဲပြီး သုံးသပ်မှုမှာ ထည့်သွင်း စဉ်းစားခြင်းဖြစ်တယ်။
ဒါပေမယ့်လို့ ဟန်ဒါဆန် အပါအဝင် အသင်းသား အားလုံးက ပွဲအပြီး လူမှုကွန်ယက်တွေမှာတော့ VAR ကိစ္စကို မပြောလိုတော့ဘဲ တာဝန်ရှိသူတွေဘာသာပဲ ပြောကြပါစေလို့ မှတ်ချက်ပြုခဲ့ကြတာဖြစ်တယ်။

 

 

 

 

Leave a Comment

Your email address will not be published.