အဓိကကစားသမား ၂ယောက်ကြောင့် အေဂျက်နဲ့ ပွဲအတွက် ခေါင်းကိုက်နေရပြီဖြစ်တဲ့ ကလော့ပ်ပြီးခဲ့တဲ့‌နွေရာသီအပြောင်းအရွှေ့ကမှ ဘိုင်ယန်မြူးနစ် အသင်းကနေ လီဗာပူးလ် အသင်းကို ရောက်ရှိလာတဲ့ သီယာဂိုအယ်လ်ကန်တာရာ ဟာ အေဂျက်စ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ဖွယ်မရှိဘူးလို့ သတင်းတွေမှာဖော်ပြထားပါတယ်။သီယာဂိုအယ်လ်ကန်တာရာ ဟာ အဲဗာတန် အသင်းနဲ့ မာဆေးဆိုဒ်ဒါဘီ ပွဲစဉ်မှာ လီ‌ဗာပူးလ် အသင်းအတွက် ပွဲချိန်ပြည့်ပါဝင်ကစားပေးခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမယ့် စပိန်ကစားသမား ဟာ ပွဲပြီးခါနီးမှာ အဲဗာတန် အသင်းကစားသမား ရစ်ချာလီဆင် ရဲ့ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ထိခိုက်‌ဒဏ်ရာရခဲ့ပေမယ့် ပွဲချိန်ပြည့်ပါဝင်ကစားခဲ့တာဖြစ်ပါတယ်။ပွဲအပြီးမှာ စပိန်ကစားသမား ရဲ့ဒဏ်ရာအခြေအနေကို စိုးရိမ်မှုတွေမြှင့်တက်ခဲ့ကြပြီး Liverpool Echo သတင်းမှာတော့ ကစားသမားဟာ ဒဏ်ရာကြောင့် အနည်းငယ်အနားယူရနိုင်တယ်လို့ ဆိုခဲ့ပါတယ်။လီဗာပူးလ် အသင်းဟာ မနက်ဖြန်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အေဂျက်စ် အသင်းနဲ့ ကစားရမှာဖြစ်ပြီး ကစားသမားဟာ ဒီပွဲကို ပါဝင်ဖို့ စောနေသေးတာပါ။အဆိုပါသတင်းရဲ့ဖော်ပြချက်မှာ သီယာဂိုအယ်လ်ကန်တာရာ ရဲ့ဒဏ်ရာဟာ အရမ်းကြီး မဆိုးရွားပေမယ့် အလျင်အမြန်ပြန်ကစားတာထက် နောက်မှ ပြန်ကစားဖို့ သင့်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။လီဗာပူးလ် အသင်းရဲ့အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ဗန်ဒိုက်ဟာလည်း အဲဗာတန် အသင်းဂိုးသမား ပစ်ဖိုဒ့်ရဲ့ကြမ်းတမ်းတဲ့ ဖျက်ထုတ်မှုကြောင့် ရာသီအကုန်ထိ အနားယူရဖွယ်ရှိနေတယ်လို့ သတင်းတွေအရ သိရပါတယ်။

Leave a Comment

Your email address will not be published.