PSG နဲ့ပွဲ အတွက် မန်ယူ Line Up အတွက် ခန့်မှန်းချက်များ ထွက်ပေါ်

မန်ချက်စတာယူနိုက်တက်စ်ဟာ ချန်ပီယံလိဂ် ပထမဆုံးပွဲစဉ်အဖြစ် PSG အသင်းနဲ့ ပြင်သင်မြေ ဖြစ်တဲ့ ပဲရစ်မှာ ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်….ယခုပွဲစဉ်အတွက် မန်ချက်စတာ အခြေစိုက် အားကစားသတင်းဌာန တခုဖြစ်တဲ့ MEN News မှ Line Up ခန့်မှန်းချက်သုံးမျိုးကို ပြောပြခဲ့ပါတယ်…

၄-၃-၃ ပထမကစားကွက်ကတော့ ဗန်ဒါဘတ်ကို ပွဲထုတ်လာပြီး နောက်ချန်တိုက်စစ်မှူး ထားကာ မာရှယ်ကို တိုက်စစ်မှူးထားပီး တောင်ပံနှစ်မှာ မာတာ နဲ့ ရတ်ဖို့ တို့အတွဲရှိနေမယ် ဖာနန်ဒက်နဲ့ မာတစ်ကတော့ ကွင်းလယ်ကနေ အထိုင်ကစားမယ့်ပုံမျိုးဖြစ်နိုင်ပါတယ်…နောက်တန်းခံစစ်မှာ တော့ လင်ဒီလော့နဲ့ ရှောကို တွဲထားတော့ သိပ်သဘာ၀မကျဘူးလို့မြင်မိပါတယ်..

၄-၃-၃ ဒုတိယကစားကွက်ကတော့ တောင်ပံတဖက်မှာ James ကိုထားတာလေးတခုပါဘဲ မာတာကိုထားသင့်တယ်လို့မြင်ပါတယ်…..နောက်တန်းကွင်းလယ်မှာတော့ ပြည့်စုံနေပြီလို့မြင်ရပါတယ်..

နောက်ဆုံး ၃-၆-၁ ကစားကွက်တော့ နောက်တန်းတခုဘဲ အပြစ်ပြောစရာရှိပါတယ် ရှေ့လယ်အကုန်အဆင်ပြေနေပြီးတော့ ဒီပုံစံအတိုင်း ကစားကွက်က ခံစစ်ကို ပြင်ပြီးထွက်လာမယ့်ဆိုပိုကောင်းသွားလိမ့်မယ်လို့ MEN News ကတော့ ထောက်ပြခဲ့ပါတယ်…

Leave a Comment

Your email address will not be published.