နောက်ခံလူ ဝစ်ဘစ်ဆာကာ နဲ့ ဒီဂီယာအား အသင်းခေါင်းဆောင်ဘရူနို ချီးကျူးခဲ့

မန်ချက်စတာယူနိုက်တက်စဟာ ပြင်သစ်မြေမှာ PSG အသင်းအား 1-2 နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်က ပွဲအပြီး တွှင် ဂိုးသမား ဒီဂီယာနှင့် နောက်ခံလူ ဝစ်ဘစ်ဆာကာတို့အားချီးကျူးစကားပြောခဲ့ပါတယ်….

ဘရူနိုက ” ဒီပွဲမှာ ကျနော် ကျေးဇူးအတင်ဆုံးနဲ့ အားကိုးခဲ့ရတဲ့ ကစားသမားနှစ်ဦးက နောက်ခံလူ ဝစ်ဘစ်ဆာကာနဲ့ ဒီဂေးပါ….ဝစ်ဘစ်ဆာကာကတော့ တပွဲလုံးမှာ နောက်တန်း ကိုလုံအောင်ထိန်းသွားနိုင်ခဲ့တယ်…အမှားအယွင်းမရှိခဲ့ဘူး အယ်တာဖေးကို အကောင်းဆုံးထိန်းချုပ်ထားနိုင်ခဲ့တာက ကျနော်တို့ အသင်းရဲ့ဖိအားတဝက်ကို သူက တာဝန်ယူနေသလိုပါဘဲ…

ဒီဂေးကလည်း တကယ့်အကောင်းဆုံးအနေထားလက်စွမ်းပြခဲ့ပါတယ်…ပေးရမယ့်ဂိုးတွေတောင် သူအကောင်းဆုံးကာကွယ်ပြီး နံပါတ်တစ်ဂိုးသမားနေရာနဲ့ထိုက်တန်ကြောင်းကိုသူပြသနိုင်ခဲ့ပါတယ်…..နောက်ပွဲတွေမှာလည်း လက်ရှိခြေစွမ််းကိုထိမ်းပြီး အကောင်းဆုံးနိုင်ပွဲတွေကို ကျနော်တို့ တသင်းလုံးရှာသွားမှာပါလို့ပြောကြားသွားခဲ့ပါတယ်…

Leave a Comment

Your email address will not be published.