PSG နဲ့ ပွဲ တွင် အမှားများတဲ့မာရှယ်နှင့် နည်းပြဆိုးရှားအား ပေါစခိုးလ်အပြစ်တင်

မန်ချက်စတာယူနိုက်တစ်ဟာ ချန်ပီယံလိဂ်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ PSG နဲ့ပွဲတွင် 1-2 ဖြင့်အနိုင်ရခဲ့ပါတယ်…နိုင်ပွဲရပေမယ့်လည်း အငြင်းပွားဖွယ် ပင်နယ်တီနှင့် ရတ်ဖို့စ် တကိုယ်တော်ခြေစွမ်းပြသောဂိုးနဲ့ နိုင်ပွဲဆက်ခဲ့ပါတယ်…..

ယင်းပွဲတွင် ကစားကွက်ခင်းကျင်းသော နည်းပြဆိုးရှား နဲ့ အမှားများစွာနဲ့ ကိုယ့်ဂိုးကို သွင်းမိသော မာရှယ်တို့ကို ပေါစခိုးလ်က အပြစ်တင်ဝေဖန်သွားခဲ့ပါတယ်….ပေါစခိုးလ်က ” ဒီပွဲနဲ့ဆို မန်ယူ ဟာ နှစ်ပွဲဆက် ပထမပိုင်းမှာ လေးကန်စွာ မြည်းတွေလိုကစားနေတုန်းပါ….တိုက်စစ်ကိုနည်းနည်းလေးမှ အားမစိုက်ဘဲ မန်ယူတသင်းလုံး တန်ပြန်တိုက်စစ်ကနေ ဂိုးရရှိဖို့ကြိုးစားနေတုန်းပါဘဲ….ဒါက နည်းပြဆိုးရှားလ် ရဲ့ လုံး၀မကောင်းတဲ့ ကစားကွက်လို့ပြောပါရစေ….

မာရှယ် ကိုတော့ ကျနော် အများကြီး မျှော်လင့်ထားခဲ့တာ ချန်ပီယံလိဂ် ခြေစွမ်းပိုင်းအရကောင်းပေမဲ့့ မလိုအပ်တဲ့အမှားတွေနဲ့ မပေးသင့်တဲ့ဂိုးကို သူကြောင့်ပေးလိုက်ရပါတယ်….ဒီမှာပြောစရာရှိတာက လူထုတ်ပုံမဟုတ်ခဲ့တာက တော်မီနေးအစား ပေ့ါဘာကိုအစောကြီးတည်းက ထည့်ခဲ့ရင် မန်ယူကစားကွက် ဒီလောက်ဆိုးခဲ့မယ် မထင်ပါဘူး…

တပွဲလုံးမှာ ပွဲပြီးခါနီးမှကောင်းတယ်ဆို တဲ့အသံကို ကြားနေရတဲ့ မန်ယူကို ကျနော်တော့မမြင်ချင်ဘူး ဗျာ…အရင်ကမန်ယူက ပြိုင်ဘက်တွေကို မိနစ်၉၀ လုံးဖိအားပေးကစားခဲ့တဲ့ အသင်းဗျ ဟု ပေါစခိုးလ်က Sport Tribble News ကို ပြောကြားသွားခဲ့ပါတယ်…

Leave a Comment

Your email address will not be published.