စည်းကမ်းပိုင်းချိုးဖေါက်မှုကြောင့် ဂရင်းဝုဒ်ကိုလူစားရင်းမှချန်ထားကြောင်းသတင်းထွက်ပေါ်

မန်ယူအသင်းရဲ့လူငယ်တိုက်စစ်ကစားသမားလေးမေဆင်ဂရင်းဝုဒ်ဟာ မန်ယူအသင်းရဲ့လူစာရင်းပါမပါဝင်တာနှစ်ပွဲရှိသွားပါပြီ။နည်းပြဆိးရှားကတော့ ကြံ့ခိုင်မှုပြသနာကြောင့် အသင်းရဲ့လူစားရင်း ကချန်လှပ်ထားတယ်လို့ပြောကြားနေပေမယ့်The Mailရဲ့ဖေါ်ပြချက်အရ ဂရင်းဝုဒ်ဟာ အသင်းရဲ့လေ့ကျင့်ရေးကွင်းကိုနောက်ကျမှရောက်ရှိတာကြောင့် အဆိုပါကစားသမားလေးကို အသင်းရဲ့လူစားရင်းကဖယ်ထုတ်ထားတာဖြစ်ကြောင်း ထုတ်ဖေါ်ထားပါတယ်။

၁၉နှစ်အရွယ်တိုက်စစ်မှူးလေးရဲ့ဒီလိုလေ့ကျင့်ကွင်းကိုမလေးမစားလုပ်တာကိုယူနိုက်တတ်အကြီးအကဲတွေကစိတ်ပျက်နေပါတယ်။ဂရင်းဝုဒ်ဟာ စနေနေ့က နယူးကာဆယ်ကို ၁-၄နဲ့အနိုင်ရတဲ့ပွဲစဉ်နဲ့PSGကို၁-၂နဲ့နိုင်တဲ့ပွဲစဉ်နှစ်ပွဲလုံးမှာအသင်းရဲ့လူစာရင်းကနေချန်လှပ်ထားခြင်းခံထားရပါတယ်။

နည်းပြဆိုးရှားကတော့ဂရင်းဝုဒ်ကိုလူစားရင်းကနေချန်ထားတာဟာ စည်းကမ်းပိုင်းပြသနာကြောင့်မဟုတ်ဘူးလို့PSGနဲ့ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ ငြင်းဆိုသွားပါတယ်။ဂရင်းဝုဒ်ကကစားရန်မသင့်တော်သေးဘူးဟာပြောဆိုသွားပေမယ့် ဂရင်းဝုဒ်ဟာ အင်္ဂလန်မှာလေ့ကျင့်ခန်းဆင်းလျှက်ရှိနေပါတယ်။ဆိုးရှားကဂရင်းဝုဒ်ရဲ့ဒဏ်ရာပြသနာရဲ့နောက်ထပ်အချက်အလက်တွေကို မေးမြန်းရာမှတော့ ထပ်မံပြောကြားဖို့ငြင်းဆန်သွားပါတယ်။

ဆိုးရှားက သူ့ရဲ့ကျန်းမာရေးအချက်အလက်တွေကိုမပြောနိုင်ပါဘူးအသင်းရဲ့ဆရာဝန်နဲ့ကျွန်တော်ဆွေးနွေးမှုမလုပ်ရသေးပါဘူးလာမယ့်စနေနေ့မှာတော့ သူ့ကိုအသင်းရဲ့လူစားရင်းမှာပြန်လည်တွေ့မြင်ရဖို့မျှော်လင့်ပါတယ်လို့သာဆိုသွားပါတယ်။ဂရင်းဝုဒ်ဟာ စည်းကမ်းပိုင်းချိုးဖေါက်မှုကြောင့် အင်္ဂလန်လက်ရွေးစင်အသင်းကနေလည်းချန်လှပ်ထားခြင်းခံနေရသူလည်းဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.