အိုဇေးဟာအာဆင်နယ်ရဲ့အကောင်းဆုံးကစားသမားပါဆိုပြီး အသင်းဖေါ်ဟောင်းကိုဝန်းရံလိုက်တဲ့ဝီရှီးယား

 

အာဆင်နယ်အသင်းရဲ့ပရီးမီးယားလိဂ်လူစားရင်းကနေချန်လှပ်ထားခြင်းခံရပြီးနောက်အိုဇေးကအာဆင်နယ်ပရိတ်သတ်တွေအတွက် သူ့ရဲ့ခံစားချက်တွေကို လူမှုကွန်ယက်မှ ထုတ်ဖေါ်လိုက်ပြီးပရိတ်သတ်တွေကြားမှာ အမြင်အမျိုးမျိုးဖြစ်နေချိန်မှာ အသင်းဖေါ်ဟောင်း ဝီရီးယား ကအိုဇေးဘက်ကအခုလိုပြတ်ပြတ်သားသာရပ်တည်လိုက်တာပါ။

ဝီရီးယားဟာ တွစ်တာမှာ အင်္ဂလန်ဂန္ဓဝင်ကစားသမားဟောင်းကြီးဂယ်ရီလိုင်နီကာရဲ့postတခုကို အိုဇေးမင်းဟာအာဆင်နယ်ရဲ့အကောင်းဆုံးကစားသမားပါလို့ captionထိုးပြီးထပ်ဆင့်ပြန်လည်မျှဝေခဲ့တာလည်းဖြစ်ပါတယ်။လိုင်နီကာ ရေးထားတာကတော့ဘောလုံးသမားအားလုံးကဘောလုံးကစားချင်ကြတာပါ။ဘောလုံးမကစားနဲ့လစာပေးထားမယ်ဆိုတာသူ့ရဲ့စိတ်ဓါတ်ကိုရိုက်ချိုးလိုက်တာပါဘဲလို့ဝေဖန်ထားတာပါ။

အိုဇေးဟာအာဆင်နယ်လူစားရင်းမှာပါခွင့် မရတဲ့အတွက် အစောဆုံးလာမယ့်ဇန်နဝါရီလမှဘောလုံးပြန်ကစားခွင့်ရရှိတော့မှာပါ။ဒီကြားထဲမှာ အသင်းနဲ့ပြန်လည်အဆင်ပြေတာမျိုးဒါမှမဟုတ်တခြားအသင်းကို ပြောင်းရွှေ့ခွင့်ရရှိမှသာ ဇန်နဝါရီမှာပြန်ကစားခွင့်ရမှာပါ။တကယ်လို့အခုတိုင်းဖြစ်နေရင်တာ့ ဘောလုံးရာသီကုန်ထိဘောလုံးကစားခွင့်ရှိတော့မှာမဟုတ်တော့ပါဘူးရာသီကုန်မှာတော့ အိုဇေးဟာအာဆင်နယ်အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီဖြစ်လို့ ကြိုက်တဲ့အသင်းကိုထွက်ခွါခွင့်ရရှိတော့မှာပါ။

အိုဇေးဘောလုံးကစားခွင့်မရတာသူ့ရဲ့ကြံ့ခိုင်မှုတင်မဟုတ်ဘဲအခြားပြသနာများကြောင်ပါဝင်နိုင်တယ်လို့အာဆင်နယ်နည်းပြဟောင်းကြီးအာဆင်ဝင်းဂါးကသုံးသပ်သလို တရုတ်နိုင်ငံရဲ့မူဆလင်အရေးကိုဝေဖန်ခဲ့လို့ နိုင်ငံရေးဖိအားများပါသက်ရောက်နေနိုင်တယ်လို့ မီဒီယာတွေကသုံးသပ်နေကြပါတယ်။

Leave a Comment

Your email address will not be published.