ကွင်းလယ်ကစားသမားဟောင်း ဖလက်ချာ ယာယီလက်ထောက်နည်းပြအဖြစ်ပြန်လာမည်

အသက် ၃၆ နှစ်အရွယ်ရှိ မန်ချက်စတာယူနိုက်စ်ကွင်းလယ်ကစားသမားဟောင်း ဖလက်ချာဟာ မန်သူ အသင်း မှာ ၃၄၂ ပွဲကစားကာ အောင်မြင်မှုများကို ရယူထားနိုင်ခဲ့တဲ့ ကစားသမားတယောက်ပါ….

ဖလက်ချာ လက်ရှိ နည်းပြ ဆိုးရှားလ် နဲ့အတူ လက်ထောက်နည်းပြတာဝန်ကိုထမ်းဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်….ဖလက်ချာက အသင်းအတွက် အခု ပြန်လာရတာ အရမ်းဝေးကွာနေတယ်လို့ခံစားပေမဲ့ အရာရာမပြောင်းလဲသေးပါဘူး….နောက်ပြီး အို့ထရက်ဖို့စ် ကိုခြေပြန်ချရတာ အရမ်းကောင်းတဲ့ခံစားချက်ကို ခံစားမိတယ်…..

အသင်းဖော်ဟောင်းတွေကိုလည်း သတိရမိပါတယ်…ဒီနေရာက တချိန်က အောင်မြင်မှုတွေ အများကြီးရှိခဲ့တဲ့ ကျနော်တို့ အသင်းဖော်တွေရဲ့ အိမ်လိုပါ…..အခုတော့ နောက်တခါပြန်လာပြီး နည်းပြအဖြစ်နဲ့ အောင်မြင်မှုတွေ ထပ်ရချင်ပါသေးတယ်…အကောင်းဆုံးအနေထားတခုကို ဖန်တီးနိုင်ဖို့ ကြိုးစားသွားမယ်လို့ MEN News မှာပြောကြားသွားခဲ့ပါတယ်….

Leave a Comment

Your email address will not be published.