ယူနိက်တက်နဲ့ချဲလ်ဆီးပွဲအပေါ် မိုက်ကယ်အိုဝင် ခန့်မှန်းချက်ထွက်လာပြန်
စနေနေ့ညနေခင်းမှာ မန်ချက်စတာယူနိက်တက်ရဲ့ အိုးထရက်ဖို့ကွင်းမှာလမ်းပတ်ရဲ့နာမည်ကြီး ချဲလ်ဆီးအသင်းကို စိတ်ဓါတ်အမြင့်မားဆုံးရောက်နေပြီဖြစ်တဲ့ သရဲနီတို့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

 

မန်ချက်စတာနဲ့ချဲလ်ဆီးပွဲဟာ ချဲလ်ဆီးနည်းပြလမ်းပတ်နဲ့ အိုလေဆိုးလ်ရှားတို့ရဲ့နည်းဗျူဟာပိုင်းစမ်းသပ်မှုတစ်ခုဖြစ်သလို ပရိတ်သတ်တော်တော်များများက ရင်ခုန်စောင့်ကြည့်မယ့်ပွဲလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ်အဖွင့်ပွဲကို ပဲရစ်မြေမှာ ရဲရဲတောက်စိတ်ဓါတ်နဲ့ နာမည်ကြီး ကစားသမားတွေနဲ့စုဖွဲ့ထားတဲ့ PSGလိုအသင်းမျိုးကို ၂ဂိုး၁ဂိုးနဲ့ အသဲခွဲအနိုင်ယူခဲ့ပြီးနောက် အခုထပ်ကန်မယ့် ပရီးမီးယားလိဂ်ပွဲက စိတ်ဝင်စားစရာတော်တော်ကောင်းနေတာပါ။ယူနိက်တက်ဟာ ပရီးမီးယားလိဂ် ၄ပွဲမှာ ၂ပွဲနိုင် ၂ပွဲရှုံးနဲ့ အဆင့် ၁၅နေရာကိုရောက်ရှိနေတာဖြစ်ပြီး ချယ်လ်ဆီးအသင်းကတော့ ရမှတ် ၈မှတ်နဲ့ အဆင့်၈နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။

မန်ချက်စတာယူနိက်တက်ဟာ ပြီးခဲ့တဲ့ပွဲစဉ်၂ပွဲဖြစ်တဲ့ ပြင်သစ်ဘီလူးကြီး PSGကို ၂ဂိုး ၁ဂိုးနဲ့ နယူးကာဆယ်ကို ၄ဂိုး၁ဂိုးထိသွင်းယူထားတာကြောင့် ချဲလ်ဆီးနည်းပြလမ်းပတ်က အခုရင်ဆိုင်ရမယ့်ပွဲက အကောင်းဆုံးစိန်ခေါ်မှုတစ်ခုဖြစ်သလို စိုးရိမ်စိတ်တွေရှိနေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။ချဲလ်ဆီးနဲ့ယူနိက်တက်တို့ရဲ့ပွဲနဲ့ပက်သက်ပြီး ကမ္ဘာအရပ်ရပ်က ဘောလုံးကျွမ်းကျင်သူတွေက အမျိုးမျိုးခန့်မှန်းမှုတွေရှိနေချိန်မှာပဲ မိုက်ကယ်အိုဝင်ကတော့ လက်ရှိ၂သင်းလုံးရဲ့ အခြေအနေအရ ၁ ၁နဲ့ သရေကျသွားလိမ့်မယ်လို့သာ ပြောဆိုခဲ့တာပါ။ “ဒီရလာဒ်က အဖြစ်နိုင်ဆုံးရလာဒ်ပါပဲ။ ချဲလ်ဆီးကဆောက်သမ်တန်ကို သက်တောင့်သက်သာ ကစားသွားတာကိုမေ့မထားသင့်ပါဘူး”လို့ အိုဝင်ကဆိုပါတယ်။ကဲ ယူနိက်တက်ပရိတ်သတ်ကြီးကရော ချဲလ်ဆီးနဲ့မန်ယူပွဲမှာ ဘယ်လိုရလာဒ်တွေနဲ့ အဆုံးသတ်သွားမယ်လို့ တွေးထင်မိပါသလဲ?

Leave a Comment

Your email address will not be published.