ဗန်ဒီဘိခ်ကိုမသုံးလို့ မေးခွန်းထုတ်တဲ့ အီဗရာနဲ့ ဂယ်ရီနဗီးလ်ကို ဆိုလ်းရှားတုံ့ပြန်

ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့် မရရှိခဲ့တဲ့ ဒွန်နီဗန်ဒီဘိခ်က ယူနိုက်တက်မှာ သူ့ရဲ့အချိန်တွေ ရောက်ရှိလာမှာဖြစ်တယ်လို့ အိုလေဂန်းနားဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။နိုင်ငံတကာပွဲစဉ်တွေ ပြီးဆုံးချိန်ကတည်းက ယူနိုက်တက်ဟာ နယူးကာဆယ်ကို ၄-၁ ဂိုး၊ PSG ကို ၂-၁ ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပေမယ့် ဗန်ဒီဘိခ်ကတော့ ပွဲထွက်ကစားခွင့်ရရှိဖို့ ရုန်းကန်နေရပါတယ်။

ချယ်လ်ဆီးနဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ပွဲစဉ်မှာတော့ ယူနိုက်တက်ဟာ ကစားသမားသစ် အက်ဒ်ဆင်ကာဗာနီကိုပါ ပွဲကစားခွင့်တွေ ပေးခဲ့ပါတယ်။ဒါပေမယ့် နွေရာသီက အိုင်းယက်စ်က ခေါ်ယူထားတဲ့ ကွင်းလယ်ကစားသမား ဗန်ဒီဘိခ် တစ်ယောက်ကတော့ အရန်ခုံမှာပဲ ရှိနေခဲ့ပါတယ်။

အသင်းကစားသမားဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ပက်ထရစ်အီဗရာတို့က နယ်သာလန်လက်ရွေးစင်ကို အသုံးမပြုတဲ့အပေါ်မှာ မေးခွန်းထုတ်ခဲ့ကြပြီး ဆိုးလ်ရှားက ယခုလို ဖြေရှင်းခဲ့တာပါ။“ဒီအပေါ်မှာ စိတ်မပူကြပါနဲ့။” လို့ ဆိုးလ်ရှားက ဗန်ဒီဘိခ် ပွဲထွက်ကစားခွင့် မရတဲ့အပေါ်မှာ Sky Sports သို့ ပြောကြားခဲ့ပါတယ်။ “သူက သူ့ရဲ့ပွဲစဉ်တွေကို ကစားရမှာပါ။ ဒီအတွက် စိတ်မပူကြပါနဲ့။ဘယ်ကစားသမားက ပွဲကစားသင့်တာလဲဆိုတာ ပြောရတာက လွယ်ပါတယ်။ ဒါပေမယ့် ဘယ်ကစားသမားကို ပွဲကစားခွင့် မပေးသင့်တာလဲဆိုတာ ပိုခက်ပါတယ်။”





 

 

Leave a Comment

Your email address will not be published.