EPL (၅)ပွဲဆက် ဂိုးပေါက်ပျောက် စံချိန်တင်သွားတဲ့အော်ဘာမီယန်းနဲ့ လက်စတာပွဲက အညံ့ဆုံးကစားသမား
အာဆင်နယ် အသင်း အနေနဲ့ ပြိုင်ဘက် အင်အားကြီး အသင်းတွေ ရမှတ်တွေ ဆုံးရှုံးထားတဲ့ အပတ်မှာ အခွင့်အရေးယူနိုင်မလားလို့ အားလုံးက တွေးထင်ခဲ့ကြပေမယ့် တကယ်တမ်း ကစားတော့ လက်စတာစီးတီး ကို အိမ်ကွင်းမှာပဲ ရှုံးခဲ့ရပါတယ်။အဆိုပါပွဲစဉ်အတွင်းမှာ အသင်းခေါင်းဆောင် အော်ဘာမီယန်းဟာ အာဆင်နယ် ညာတောင်ပံ ကို ထွက်ကစားရတာ သူ့အတွက် ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး ၊ ရှင်းရှင်းပြောရရင် ဂိုးပေါက်ကန်ခွင့် အခွင့်အရေးမျိုးကို မရခဲ့ပါဘူး ၊ EPL (၅)ပွဲဆက် ဂိုးပေါက် ပျောက်နေပါပြီ ၊ ဒါဟာ တိုက်ဆိုင်မှုတော့ မဟုတ်ပါဘူး ၊ အာတီတာ အဖြေရှာဖို့ လိုကိုလိုလာပါပြီ။ရလဒ်ပိုင်းထက် ပိုစိတ်ပျက်ရတာက အာဆင်နယ် အသင်းရဲ့ ကစားဟန်ပါ ၊ အထူးသဖြင့် ဒုတိယပိုင်းပါ ၊ ပထမပိုင်းမှာ အာဆင်နယ် ကစားတာကောင်းခဲ့ပြီး အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့ဘူး ၊ ဒုတိယပိုင်း အရောက်မှာတော့ အာဆင်နယ် လုံးဝ ပုံပျက်သွားခဲ့ရပြီး ဘာဆိုဘာမှ မရှိခဲ့တာပဲ ဖြစ်ပါတယ်ဆာကာ နဲ့ ဒေးဗစ်လုဇ် တို့ ဒဏ်ရာတွေက ကစားကွက်ပိုင်းကို များစွာထိုးနှက်ချက် ဖြစ်သွားစေခဲ့ပြီး ဒုတိယပိုင်း တစ်ပိုင်းလုံး ဘယ်လာရင် ရဲ့ ကန်ချက် တစ်ကြိမ်သာ ဂိုးပေါက် တည့်မတ်မှု ရှိခဲ့တာပါ ၊ တစ်ချိန်လုံး နောက်တန်းမှာ ဘောလုံးပတ်ပေးနေတာနဲ့ အချိန်ကုန်နေခဲ့ပြီး ပွဲကစားချိန် မိနစ် (၈၀)မှာတော့ ဗာဒီ က အာဆင်နယ် အသင်းကို ကောင်းကောင်းကြီး ပညာပြသွားခဲ့တယ် ၊ အဲ့ဒီသွင်းဂိုးကိုလည်း ပြန်လည်ချေပနိုင်ခြင်း မရှိတော့ဘဲ ပွဲအပြီးမှာ ဝ-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးသွားခဲ့ရတာပါ ၊လာကာဇက်ကတော့ ဒီပွဲရဲ့ အညံဆုံးဖြစ်ခဲ့တဲ့ ကစားသမား တစ်ယောက်လို့ ဆိုလို့ရပါတယ်။ ပထမပိုင်းက အခွင့်အရေးကောင်းတွေ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့သလို ၊ ရတဲ့တစ်ဂိုး ကျတော့လည်း လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရကာ ကံမကောင်းခဲ့ပါဘူး ၊ သူ တာဝန်ယူရတဲ့ Link Up Play တွေ ၊ Hold Up Play တွေ ဘာတစ်ခုမှ တာဝန်ကျေအောင် မထမ်းရွက် ပြနိုင်ခဲ့ပါဘူးဒါ့အပြင် ဒေးဗစ်လုဇ် နေရာ ဝင်ကစားတဲ့ မူတာဖီ ကစားတာ မစွံခဲ့သလို ၊ ပီပီ ဟာလည်း ဘာခြိမ်းခြောက်မှုမှ မလုပ်နိုင်ခဲ့ပါဘူး ၊ အန်ကီတီးယားလည်း အလားတူပါပဲ။

 

 

 

 

 

လက်ရှိအခြေအနေတွေအရ အာဆင်နယ်အနေနဲ့ ဒီရာသီရဲ့ အဆိုးရွားဆုံး ဒုတိယပိုင်း ခြေစွမ်းကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပြီး ရှုံးပွဲ နဲ့လည်း ထိုက်တန်ခဲ့တယ်လို့တောင်ဆိုရပါမယ်။EPL (၅)ပှဲဆကျ ဂိုးပေါကျပြောကျ စံခြိနျတငျသှားတဲ့အောျဘာမီယနျးနဲ့ အာဆငျနယျရဲ့လကျရှိအခွအေနေအာဆငျနယျ အသငျး အနနေဲ့ ပွိုငျဘကျ အငျအားကွီး အသငျးတှေ ရမှတျတှေ ဆုံးရှုံးထားတဲ့ အပတျမှာ အခှင့ျအရေးယူနိုငျမလားလို့ အားလုံးက တှေးထငျခဲ့ကွပမေယ့ျ တကယျတမျး ကစားတော့ လကျစတာစီးတီး ကို အိမျကှငျးမှာပဲ ရှုံးခဲ့ရပါတယျ။




Leave a Comment

Your email address will not be published.