နွေရာသီအပြောင်းအရွေ့တွင် မန်ယူဘုတ်အဖွဲ့ ခေါ်ယူမည့် ကစားသမားကဘယ်သူလဲ

မန်ချက်စတာယူနိုက်ဘုတ်အဖွဲ့ ဟာကစားသမားခေါ်ယူတွေနဲ့ပတ်သက်ပြီး ပရိတ်သတ်တွေနဲ့ ကစားသမားဟောင်းတွေရဲ့ မကျေနပ်မှုတွေ ဝေဖန်သံတွေကို ချေဖျက်ဖို့ မျက်လှည့်ဆန်ဆန် ကစားသမားခေါ်ယူမှုတွေကို ပြုလုပ်တော့မယ်ဆိုတာ MEN News မှာ မန်ယူဘုတ်အဖွဲ့ပြောဆိုခွင့်ရသူ က ပြောလာပါတယ်….

မန်ယူဘုတ်အဖွဲ့ ဟာ ပြီးခဲ့တဲ့ ကစားသမားအပြောင်းရွေ့မှာ ပရိတ်သတ်တွေရဲ့့အကြိုက် ဆန်ချို ကို မခေါ်ယူနိုင်ခဲ့တဲ့အတွက် ပရိတ်သတ်များက စိတ်ဆိုးနေပါတယ်….စိတ်ဆိုးနေတဲ့ပရိတ်သတ်တွေကို ဖြေဖျောက်ပေးမယ့် သတင်းကောင်းလေးကတော့ ……..

ဒေါ့မွန်ကစား တိုက်စစ်မှူးလေး အီရင်ဟာလန်း ဖြစ်ပါတယ်…အသက် ၂၀အရွယ်သာရှိသေးတဲ့ ယင်းကစားသမားဟာ တိုက်စစ်မှာရုန်းအားကောင်းကောင်း ကစားနိုင်သလို နောက်ချန်တိုက်စစ်မှူး အဖြစ်တလဲ ကွင်းလယ်မှာလည်း ကောင်းကောင်း ဘောလုံးဖြန့်ဖြူးပေးနိုင်တဲ့သူတယောက်ပါ……

နွေရာသီအပြောင်းရွေ့ အတွက် မန်ယူ ကင်းထောက်များက ယင်းကစားသမားအားစောင့်ကြည့်နေသလို မန်ယူဘုတ်အဖွဲ့ကလည်း ကစားသမားရဲ့ အေးဂျင့်ကို ဆက်သွယ်ပြီး ခေါ်ယူဖို့စိတ်အားထက်သန်နေတယ်လို့ ဆိုပါတယ်….

တကယ်ဘဲ မန်ယူဘုတ်အဖွဲ့ခေါ်နိုင်မလား…..ဆန်ချိုနဲ့ တုန်းကလို စျေးဆစ်ပြီး ပျက်သွားမလား ဆိုတာတော့ စောင့် ကြည့်ရပါမယ်…Transfer Market မှာ တော့ ယင်းကစားသမားရဲ့ပြောင်းရွေ့တန်ဖိုးက ယူရိုသန်း ၈၀ ကျော်မယ်လို့ ခန့်မှန်းနေကြပါပြီ….

Leave a Comment

Your email address will not be published.