ဘရူနိုနဲ့ပေါ့ဘာ ဘယ်တော့မှတွဲကစားလို့မရဘူးလို့ ပြောကြားလိုက်တဲ့ ဂန္တဝင်ကြီး ၂ယောက်မန်ချက်စတာယူနိက်တက်အသင်းအတွက် ဘယ်တော့မှ အတူတွဲကစားလို့မရတဲ့ အကောင်းဆုံးကစားသမားနှစ်ယောက်ရှိတယ်လို့ လီဗာပူးအသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့
ဂျေမီကာရာဂါကပြောကြားလိုက်ပါတယ်။“ယူနိုက်တက်ရဲ့ အကောင်းဆုံးတွေလို့ဆိုရမယ့် ဘရူနိုနဲ့ ပေါ့ဘာတို့နှစ်ယောက်က ဘယ်တော့မှ အတူတွဲကစားလို့မရနိုင်ဘူးဗျ။ ဘာလို့လဲဆိုတော့ သူတို့နှစ်ယောက်ကိုပေါင်းစည်းဖို့ ယူနိုက်တက်ကြိုးစားတာတော်တော်ကြာခဲ့ပြီ။ ဘယ်မှာအောင်မြင်လို့လဲ”လို့ ဂျေမီကာရာက ပြောကြားခဲ့တာပါ။

ဒါ့အပြင် ယူနိုက်တက်အသင်းဟာ လူခေါ်ယူမှုမှာ အမှားတွေလုပ်ခဲ့ပြီး ဗန်ဒီဗိကို ခေါ်ယူခဲ့တာဟာ တော်တော်မှားတယ်လို့လည်း သူကဆက်လက်ပြောပါတယ်။“ပေါင်၃၅သန်းလောက်ပေးပီး ဗန်ဒီဗိကို လက်မှတ်ထိုးခေါ်ယူခဲ့တယ် ယူနိက်တက်ကို ကျွန်တော်နားမလည်နိုင်ဘူး။ ယူနိုက်တက်အနေနဲ့သူ့ကိုမလိုဘူးလို့ပဲကျွန်တော်မြင်တယ်။ ခုတော့ သူ့အနေနဲ့ ယူနိုက်တက်မှာ အများကြီးရုန်းကန်ရတော့မယ်”လို့လည်း ကာရာကဆက်လက်ပြောခဲ့ပါတယ်။

ဗန်ဒီဗိကို အေဂျက်အသင်းကနေ မန်ချက်စတာယူနိုက်တက်ဟာ ပေါင် ၃၅ဒဿမ၇သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဗန်ဒီဗိဟာ အရန်ခုံမှာထိုင်နေရဆဲဖြစ်ပါတယ်။ယူနိုက်တက်အတွက် ကွင်းလယ်ပိုင်းမှာ ပေါ့ဘာနဲ့ ဘရူနို တို့ဟာ နှစ်ယောက်အတူ တွဲဖက်ကစားလို့မရနိုင်ဘူးဆိုတာ နဲ့ပက်သက်ပြီး ယူနိုက်တက်နောက်ခံလူဟောင်း ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးကလည်းခုလိုပြောပါတယ်။

” အိုလေက သူတို့နှစ်ယောက်ကို ပေါင်းစည်းဖို့ ကြိုးစားခဲ့တာ ၆လရှိခဲ့ပါပြီ။ အတူတကွကောင်းမွန်စွာကစားနိုင်တဲ့ အနေအထားကို မရောက်သေးဘူးလို့ပဲကျွန်တော်မြင်ပါတယ်”လို့ဆိုပါတယ်။ကဲဒီတော့ ယူနိက်တက် ပရိတ်သတ်တွေရဲ့အမြင်ကရောဘယ်လိုများလဲ။ သူတို့နှစ်ယောက်အတူ ပေါင်းစည်းကစားနိုင်မယ်လို့ထင်လား

ဘရူနိုနဲ့ပေါ့ဘာ ဘယျတော့မှတှဲကစားလို့မရဘူးလို့ ပွောကွားလိုကျတဲ့ ဂန်တဝငျကွီး ၂ယောကျ






 

 

 

 

Leave a Comment

Your email address will not be published.