မန်ယူမှာရှိခဲ့တဲ့ အချိန်တွေကို ပြန်လွမ်းနေတယ်ဆိုတဲ့ မန်ယူဂန္တဝင်ကြီး ဝိန်းရွန်းနီ

မန်ချက်စတာယူနိုက်တက်စ် ဂန္တဝင်တိုက်စစ်မှူးကြီး ဝိန်းရွန်းနီဟာ 2004 အပြောင်းအရွေ့မှာ မန်ယူအသင်းသို့ ဖာဂူဆန်ရဲ့ ခေါ်ယူမှုကြောင့်ရောက်ရှိလာပြီး ပွဲပေါင်း၃၉၃ ပွဲကစားကာ ဂိုးပေါင်း 253 ဂိုးသွင်းယူကာ မန်ယူရဲ့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် မန်ယူမှာ ၁၃ နှစ်ကြာ ကစားပြီး အသင်းတွက်ပေးဆပ်ခဲ့ပါတယ်..

2017-2018 ရာသီမှာ မန်ယူမှ စာချုပ်ကုန်ပြီး အဲဗာတန်သို့ပြောင်းရွေ့ကစားခဲ့ပါတယ်…..နောက်ရာသီမှာ ဒီစီယူနိက်တစ်ကိုပြောင်းရွေ့ကစားခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ကာ ယခု လက်ရှိ မှာ ဒါဘီကောင်တီ အသင်းမှာကစားလျက်ရှိပါတယ်…..

ဝိန်းရွန်းနီက ” ကျနော် လက်ရှိ မန်ယူအသင်း က ပွဲစဉ်တွေကို ကြည့်ဖြစ်တိုင်း အိုးထရက်စ်ဖို့စ် ကွင်းထဲက ကျနော့် အသင်းဖော်ဟောင်းတွေ နဲ့ မန်ယူအသင်းကို လွမ်းမိတယ်…တချိန်က အဲ့ဒီကွင်းထဲမှာ ကျနော်အောင်မြင်မှုတွေ အများကြီးရယူခဲ့တယ်…

အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ပက်ဂျီဆန် ၊ ဗီဒစ် ၊ ဖာဒီနန် ၊ နာနီ တို့ကိုလည်း ကျနော်လွမ်းပါတယ်…မန်ယူရဲ့ တကယ်အကောင်းဆုံးအချိန်တွေက 2007-2008 ပါဘဲ ကျနောတို့တွေ ဖလားတွေသိမ်းပိုက်နိုင်ခဲ့တယ်

အသင်းဖော်ဟောင်းတွေအကုန်လုံး နည်းပြကြီးဆာအဲလစ် လမ်းညွှန်မှုအောက်မှာ အကုန်လုံးတညီတညွတ်တည်း ကြိုးစားရုန်းကန်ပြီး ပေးဆပ်ခဲ့ကြတယ် နိုင်ပွဲတွေမရပ်တန့်ခဲ့ဘူး….ဒီအချိန်တွေကို လွမ်းမိတယ် ပြန်လိုချင်တာပေါ့ ……မန်ယူရဲ့ ထာ၀ရအကောင်းဆုံးစားရင်းကိုရွေးချယ်ပေးပါဆို ရိုင်ယန်ဂစ် ကားရစ် စခိုးလ် ဗီဒစ် ဖာဒီနန် ပက်ဂျီဆန်တို့ကတော့ မပါမဖြစ်ဘဲဗျ ဟု ” BT Sport News သို့ ပြောကြားသွားခဲ့ပါတယ်….

Leave a Comment

Your email address will not be published.