ပေါ့ဘာကို အရန်ခုံမှာထားတဲ့ ဆိုးလ်ရှားကို တစ်ကယ်ပဲလေးစားမိပါတယ်ဆိုတဲ့ ယူနိုက်တက် ကစားသမားဟောင်းကြီးပြင်သစ်ကြယ်ပွင့် ပေါပေါ့ဘာကို မန်ချက်စတာယူနိုက်တက်ဟာ လက်ရှိမှာ အရန်ခုံမှာထားနေတာနဲ့ပက်သက်ပြီး ဝေဖန်မှုတွေအမျိုးမျိုးရှိနေပေမယ့် ဒိလို ထားတာဟာ မှန်ကန်ပြီး ဆိုလ်းရှားဟာလေးစားဖို့ကောင်းတယ်လို့ ယူနိုက်တက်နောက်ခံလူဟောင်း ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီးကSky Sportကိုပြောကြားလိုက်ပါတယ်။” တစ်ကယ်တော့ နည်းစနစ်အရ ပေါ့ဘာကို ခုံတန်းလျားမှာထားတဲ့ ဆိုလ်းရှားကို ကျွန်တော် တစ်ကယ်လေးစားမိပါတယ်။ ဗျူဟာအရ ဒီလိုပဲဖြစ်သင့်တယ်။ ပေါ့ဘာဟာ အကောင်းဆုံးကစားသမားဆိုပေမယ့် လိုနေတဲ့ လိုအပ်ချက်မှာ ဖြည့်ဖို့ ဒုတိယဦးစားပေးအနေနဲ့ပဲရှိသင့်ပါတယ်။”လို့ နဗီးကပြောကြားခဲ့တာပါ။“Crystal Palace ပွဲပီးတဲ့နောက်ကျွန်တော်ပြောခဲ့ပါတယ်။ ပေါ့ဘာနဲ့ ဘရူနိုနဲ့ ကွင်းလယ်မှာ အတူတွဲကစားလို့မရပါဘူး။ ပီးတော့လက်ရှိအခြေအနေအရ ပေါ့ဘာက ယူနိုက်တက်အတွက် အလုံးစုံ မမြှပ်နှံထားနိုင်ဘူး”လို့လည်းသူက သုံးသပ်ခဲ့ပါတယ်။“ကျွန်တော့်အတွက်ပြဿနာက Paul Pogba ပါ၊ အဲဒါကိုအချိန်အတော်ကြာပြောခဲ့တာပါ။ ဖာဒီနန်ကနံပါတ် ၁၀ နေရာကိုယူထားသူပါ။ ဒါပေမယ့် Ole ဟာပေါင်သန်း ၉၀လောက်သုံးပီး ပေါ့ဘာကို ဘာလို့ ခေါခဲ့တာလဲမသိပါဘူး၊ပီးတော့ ဗန်ဒီဗိကိုရောပေါ့။ ခုလိုနေတာ အထောင်တိုက်စစ်မှူးစစ်စစ်တစ်ယောက်ပါ”လို့ နဗီးကဆက်လက်ပြောပါတယ်။ဒါ့အပြင် လီဗာပူးကစားသမားဟောင်းဂျင်မီကာရာဂါကလည်း“ပေါင်၃၅သန်းလောက်ပေးပီး ဗန်ဒီဗိကို လက်မှတ်ထိုးခေါ်ယူခဲ့တယ် ယူနိက်တက်ကို ကျွန်တော်နားမလည်နိုင်ဘူး။ ယူနိုက်တက်အနေနဲ့သူ့ကိုမလိုဘူးလို့ပဲကျွန်တော်မြင်တယ်။ ခုတော့ သူ့အနေနဲ့ ယူနိုက်တက်မှာ အများကြီးရုန်းကန်ရတော့မယ်”လို့လည်း ကာရာကဆက်လက်ပြောခဲ့ပါတယ်။

ဗန်ဒီဗိကို အေဂျက်အသင်းကနေ မန်ချက်စတာယူနိုက်တက်ဟာ ပေါင် ၃၅ဒဿမ၇သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ ဗန်ဒီဗိဟာ အရန်ခုံမှာထိုင်နေရဆဲဖြစ်ပါတယ်။

Leave a Comment

Your email address will not be published.