မန်ယူနောက်ခံလူဝစ်ဘစ်ဆာကာအား ဘယ်လိုကစားသင့်ကြောင်း ဖာဒီနန်အကြံပေး

မန်ချက်စတာယူနိက်တက်စ် နောက်ခံလူဟောင်း ဖာဒီနန်ကတော့ BT Sport News မှာ ဂျာမန်ဘီလူးကြီး လိုင်ဇက်နဲ့ ပွဲမှာပါဝင်ကစားခဲ့တဲ့ မန်ယူနောက်ခံလူ ဝစ်ဘစ်ဆာကာအား ချီးကျူးပြောဆိုရင်း ယခုလိုကစားသင့်ကြောင်းကို ပြောပြခဲ့ပါတယ်….

မန်ယူနောက်ခံလူ ဝစ်ဘစ်ဆာကာအကြောင်းအနည်းငယ်ပြောကြရအောင်….လိုင်ဇက်နဲ့ပွဲ မှာပထမပိုင်းတပိုင်းလုံးကို မန်ယူက တစ်ဂိုးသွင်းအပြီး လိုင်ဇက်ကဖိအားပေးလာတာတွေ့ရပါတယ်..သိုပေမဲ့ ကျနော်တို့ မန်ယူနောက်တန်းရဲကျောက်ဆောင်ပြီး ဝစ်ဘစ်ဆာကာကတော့ တိကျသေသတ်တဲဖျက်ထုတ်မှုများနဲ့ ကာကွယ်သွားခဲ့တာကိုမြင်တွေ့ကြမှာပါ…

သိုပေမယ့် တချို့ကစားပုံတွေ အနည်းငယ်ကြမ်းနေခဲ့တာလေးတွေရှိပါတယ်….ဒါပေမဲ့ ကျနော်တို့ ကျောက်ဆောင်ကြီး ဝစ်ဘစ်ဆာကာကတော့ ဒုတိယပိုင်းမှာ တိုက်စစ်အားကောင်းလာမှုနဲ့အတူ နောက်တန်းရောတိုက်စစ်ရောပါ လိုက်ပါကစားပေးခဲ့ပါတယ်…..

ဖာဒီနန်က ” ဝစ်ဘစ်ဆကာ တကယ်ကောင်းပါတယ်….မန်ယူနောက်တန်းမှာ သူ့လို ကစားသမားကောင်းတယောက်ရှိနေတာ ဆိုးရှားလ်အတွက် ကောင်းမွန်တဲ့အခြေနေပါ…သို့ပေမယ့် သူ့အနေနဲ့ တချို့ဖျက်ထုတ်မှုတွေမှာ အနည်းငယ်ကြမ်းနေပါတယ်…

ဒါတွေကို ပြင်ရပါမယ် ပြီးတော့ ရှေ့ကို တိုက်စစ်ထိလိုက်ပါပြီးရင် ဖြတ်တင်ဘောတွေ နဲ့ ကာဗာနီလိုကစားသမားမျိုးကို ကောင်းကောင်းပံပိုးပါ …တိုက်စစ်အထိလိုက်ပါချိန်မှာ ဘောလုံးကိုခြေထဲမှား ထားပြီးတွေဝေနေတဲ့အခိုက်အတန့်တွေကို တွေ့လိုက်ရပါတယ်…..အဲ့ဒါလေးတွေကို တော့ ဆိုးရှားလ်က ဖန်တီးနိုင်စွမ်းရှိပါလိမ့်မယ်ဟု BT Sport News မှာပြောသွားခဲ့ပါတယ်…

Leave a Comment

Your email address will not be published.