ပင်နယ်တီကနေဂိုးသွင်းခဲ့ပြီး ရော်နယ်ဒိုရဲ့စံချိန်ကိုလိုက်မီတော့မယ် မက်ဆီ

ကျနော်တို့ အချစ်တော်ကြီး ရောက်နယ်ဒိုကတော့ ကိုဗစ်ကူးစက်မှုကြောင့် ပြိုင်ပွဲတွေနဲ့ခတ္တအဝေးကိုရောက်နေပါတယ်….သိုပေမယ့် သူ့ရဲ ချန်ပီယံလိဂ်မှာ ဂိုးဖန်တီးမှုအများဆုံး စံချိန်ကို လီယွန်ယ်မက်ဆီကတော့ ကျော်တော့မှာဖြစ်ပါတယ်….

ဘာစီလိုနာအသင်းဟာ ယမန်နေ့ညက ဂျူဗင်တပ်နဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်မှာ ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး အုပ်စု G ကို ဦးဆောင်နိုင်ခဲ့ပါတယ်။ဘာစီလိုနာနဲ့ ဂျူဗင်တပ်တို့ရဲ့ပွဲစဉ်ဟာ ပထမပိုင်းစတင်ချိန်ကတည်းက အကြိတ်အနယ်ရှိခဲ့ကြတာဖြစ်ပြီး ၁၄ မိနစ်မှာ ဒမ်ဘီလီက ပင်နယ်တီဧရိယာထိပ်ကနေ ကန်သွင်းခဲ့ရာမှာ ဂျူဗင်တပ်နောက်ခံကစားသမားနဲ့ထိခဲ့တာကြောင့် လမ်းကြောင်းပြောင်းပြီး ဂိုးထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။

ဂျူဗင်တပ်အသင်းဟာ ဘာစီလိုနာအသင်းကို ချေပဂိုးသွင်းနိုင်ဖို့ အပြင်းအထန်ကြိုးပမ်းခဲ့ပြီး မိုရာတာတစ်ဦးတည်း ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် VAR က လူကျွံဘောအဖြစ်သာ သတ်မှတ်ခဲ့တဲ့အတွက် ဂျူဗင်တပ်တို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။မိုရာတာဟာ ဘာစီလိုနာနဲ့ပွဲစဉ်မှာ ပြီးခဲ့တဲ့ရာသီပြန်လည်စတင်ချိန်ကနေ လက်ရှိအချိန်အထိ လူကျွံဘော ၁၃ ကြိမ်အထိ အဖမ်းခံခဲ့ရပြီး တီမိုဝါနာတစ်ဦးတည်းသာ မိုရာတာနဲ့အကြိမ်ရေတူညီနေတာဖြစ်ပါတယ်။

မိနစ် ၉၀ မှာ မက်ဆီ ထိုးပေးလိုက်တဲ့ဘောလုံးကို အန်ဆူဖာတီ ကန်သွင်းဖို့ကြိုးပမ်းရာမှာ ဘာနာဒက်စ်ချီ တွန်းလှဲခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ပင်နယ်တီပြစ်ဒဏ်ဘောကို လီယွန်နယ်မက်ဆီက အမှားအယွင်းမရှိကန်သွင်းယူပြီး ယခုရာသီရဲ့ ၃ ဂိုးမြောက်သွင်းဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မက်ဆီဟာ ၎င်းရဲ့ ပထမဆုံးချန်ပီယံလိဂ်ပါဝင်ကစားရတဲ့ ၂၀၀၄-၂၀၀၅ ကနေ ယနေ့အချိန်အထိ ဂိုးဖန်တီးမှု ၃၅ ကြိမ်အထိ ပြုလုပ်ထားပြီး ခရစ်စတီယာနိုရော်နယ်ဒိုတစ်ဦးတည်းကသာ ၃၈ ကြိမ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မက်ဆီထက် ဂိုးဖန်တီးမှု ပိုမိုပြုလုပ်ထားနိုင်တာဖြစ်ပါတယ်။

Source : KKC News

Leave a Comment

Your email address will not be published.