ဂျူဗီစတား ရော်နယ်ဒိုတယောက် ကိုဗစ် ၁၉ ရောဂါပိုး negative ဖြစ်ခဲ့ပြီးနောက် မကြာမဗီ အချိန်အတွင်း မြင်ခင်းစိမ်းတွေပေါ်မှာ ပြန်လည်မြင်တွေ့ရဖို့ နီးစပ်နေပါပြီ။

စီးရီးအေ ထိပ်သီး ဂျူဗင်တပ် အသင်းက ရော်နယ်ဒိုရဲ့ အခြေနေနဲ့ ပတ်သက်ပြီး ယမန်နေ့က အခုလို ကြေငြာခဲ့ပါတယ်။” ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ကိုဗစ် ၁၉ ရောဂါပိုး စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှာ Negative ဖြစ်ခဲ့ပါပြီ။ ဒါ့ကြောင့် သူဟာ ၁၉ ရက်ကြာပြီးနောက် ကိုဗစ်ရောဂါကို တွန်းလှန်နိုင်ခဲ့ပြီး အိမ်မှာ သီးသန့်ထား အသွားလာ ကန့်သတ်ထားဖို့ မလိုအပ်တော့ပါဖူး။” ဆိုပြီး တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ရော်နယ်ဒိုတယောက် ယနေ့ ထပ်မံ ဆေးစစ်မှု ခံယူပြီး လေ့ကျင့်မှုတွေ ပြုလုပ်သွားမယ်လို့ သိရတဲ့ အပြင် အခြေနေပေးပါက တနင်္ဂနွေနေ့ ကစားမယ့် စပီဇီးယားနဲ့ ပွဲစဉ်မှာ ပါဝင်လာဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ရော်နယ်ဒိုဟာ မိခင်နိုင်ငံ ပေါ်တူဂီအသင်းနဲ့ ပူးပေါင်းစဉ် အောက်တိုဘာလ ၁၃ ရက်နေ့ထဲက ရောဂါပိုး ကူးစက်ခဲ့တာဖြစ်ပြီး အများမျှော်လင့်ထားတဲ့ ဘာစီလိုနာနဲ့ ပွဲစဉ် ပကျော့ကို လွဲချော်ခဲ့ရပါတယ်။ရော်နယ်ဒိုဟာ ဒီရောဂါ ကူးစက်မှုကြောင့် ဂျူဗင်တပ် အသင်းရဲ့ ပွဲစဉ်လေးပွဲကို လွဲချော်ခဲ့ပြီး ဂျူဗင်တပ် အသင်းဟာလဲ ရလဒ်တွေ ယိမ်းယိုင်ခဲ့ရပါတယ်။

မက်ဆီနဲ့ ထိပ်တိုက်တွေ့ဆုံပွဲကို ရော်နယ်ဒို တယောက် အတော်အားခဲထားဟန်ရှိပြီး ထိုပွဲစဉ်မတိုင်ခင် ရောဂါပိုး ပေါ့စတစ် ဖြစ်နေဆဲဆိုတဲ့ ဆေးစစ်ချက်ကို အပြင်းထန်ပေါက်ကွဲပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။

” တကယ် စိတ်ပျက်ဖို့ကောင်းတဲ့ PCR ဆေးစစ်ချက်ပဲ။” ဆိုပြီး အင်စတာဂရမ် ကွန်းမန့်မှာ တင်ခဲ့ပြီး သိပ်မကြာခင်မှာ ဒီကွန်းမန့်ကို ပြန်ဖျက်သွားခဲ့ပါတယ်။အသက် ၃၅ နှစ်ရှိပြီ ဖြစ်ပေမယ့်ဘရော်နယ်ဒိုဟာ ဂျူဗင်တပ် အသင်းအတွက် အရေးပါနေဆဲဖြစ်ပြီး ဂျူဗင်တပ် အသင်းအတွက် ၂ ပွဲကစားထားရာမှာ ၃ ဂိုးသွင်း ၁ ဂိုးဖန်တီးမှု ပြုလုပ်ပေးထားပါတယ်။

Leave a Comment

Your email address will not be published.