ကွင်းလယ်ဒိုင်နှင့်ပေါ့ဘာတို့ကြောင့် ၁၄နှစ်တွင်း အာဆင်နယ်ကို ပထမဆုံးမန်ယူရှုံးပွဲတွေ့

မန်ချက်စတာယူနိုက်တက်ဟာ အာဆင်နယ်အား အို့ထရက်ဖို့စ်ကွင်းတွင် ပရီးမီးယားလိဂ်ပွဲစဉ်အား လက်ခံကစားခဲ့ပြီး ၀ – ၁ ဖြင့် ၁၄နှစ်အတွင်း အိမ်ကွင်းမှာ ပထမဆုံး ရှုံးနိမ့်ခဲ့ပါတယ်…

မန်ချက်စတာယူနိုက်တစ်ဟာ ယခုပွဲတွင် အဓိက ကစားသမားများဖြင့်ပွဲထွက်လာခဲ့သော်လည်း အာဆင်နယ်အသင်းမှ ပထမတပိုင်းလုံးပွဲချိန် ပြည့်ဖိအားပေးကစားသွားခဲ့ပြီး ဆိုးရှားရဲ့ အင်္ဂလန်ကစားကွက်ကို ဆန့်ကျင်ကာ လူပေးကစားပြီး နေရာလွတ်တွေရှာကာ တိုက်စစ်ဆင်တဲ့ ကစားကွက်ဟာ ဒီပွဲမှာအလုပ်မဖြစ်ဘူးဆိုတာကို ပြသလိုက်ပါတယ်…

ကွင်းလယ်ဒိုင်ကလည်း တော်တော်များ ပြစ်ဒဏ်ဘောများနဲ့ ပင်နယ်တီစည်းအတွင်း တွင် မန်ချက်စတာယူနိုက်တစ်ဘက်သို့မှားယွင်းသော ဆုံးဖြတ်ပေးမှုများကြောင့် မန်ချက်စတာယူနိုက်တစ်ဟာ ဂိုးရရှိဖို့နစ်နာခဲ့ရပါတယ်…..

ယခုပွဲတွင် ဆိုးရှားရဲ့လူထုတ်ပုံမှားယွင်းမှုတချို့ကိုလည်း မြင်တွေ့လိုက်ရပါတယ်….ဘရူနို…ဂရင်းဝုဒ် တို့ကို ပထမပိုင်းတပိုင်းလုံးကစားခိုင်းမှုကလည်း ကစားကွက်မပေါ်နိုင်ဖြစ်ခဲ့ရပါတယ်…ယခုပွဲတွင် ပေါ့ဘာ ရဲ့ အမှားကနေမှ အာဆင်နယ်ဘက်နေ ပင်နယ်တီဂိုး ကို အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုးကို ရရှိသွားခဲ့ပါတယ်…

ဆိုးရှားလ် ရဲ့ ခန့်မှန်းရလွယ်သလိုဖြစ်နေတဲ့ မိနစ်၆၀ကျော်ရင် လူစားလဲပြီး တိုက်စစ်ဆင်တဲ့နည်းဗျူဟာကတော့ ဒီပွဲမှာ အလုပ်မဖြစ်ခဲ့ပါဘူး….ဒါပေမဲ့ မာတစ် ဗန်ဒါဗတ် ကာဗာနီတို့ ဝင်လာတဲ့ကစားကွက် တိုက်စစ်ဆင်လာနိုင်ခဲ့ပေမယ့် ချေပဂိုးတော့မ၇ရှိခဲ့ပါဘူး…ဆိုးရှားလ်သာ လူစားလဲတာ စောအုံးမယ်ဆိုရင် မန်ယူချေပဂိုးနဲ့ အနိုင်ဂိုးပြန်ရနိုင်ပါသေးတယ်….

Leave a Comment

Your email address will not be published.