စိတ်ဝင်စားစရာကောင်းလာသော မန်ချက်စတာယူနိုက်တက် နည်းပြအပြောင်းအရွေ့

အာဆင်နယ် ကို အိုးထရက်ဖိုဒ့် မှာ ရှုံးနိမ့် အပြီး မှာတော့ ဒီရာသီ မန်ချက်စတာ ယူနိုက်တက် ရဲ့ အိမ်ကွင်း ရလဒ် ဟာ အကျည်းတန်မှု အပြည့် နဲ့ ဖြစ်လာခဲ့ရ ပါတယ် ။ ပရီးမီးယားလိဂ် မှာ အိမ်ကွင်း တစ်ပွဲမှ အနိုင် မရ သေးဘဲ တန်းဆင်း ဇုန် နဲ့ မလှမ်းမကမ်း အထိ ကျဆင်း နေတာ ကြောင့် နည်းပြ ဆိုးရှား အပေါ်မှာ ကြီးမားတဲ့ ဖိအားတွေ ရောက်ရှိ လာခဲ့ရ ပါတယ် ။ အသင်းဖော်ဟောင်း ရွိုင်ကင်း ကတော့ ဆိုးရှား ဟာ ဒီရာသီမှာ အထုတ် ခံရဖို့ ရှိနိုင်တယ်လို့ သုံးသပ် ထားခဲ့ တာပါ ။

တကယ်လို့ ဆိုးရှား ကို ထုတ်ခဲ့ရင် ဘယ်သူ့ကို အစားထိုး မလဲ ? လတ်တလော လစ်လပ် နေတဲ့ နည်းပြတွေ ထဲမှာတော့ မော်ရီစီယို ပိုချက်တီနို က ထိပ်ဆုံးက ရေပန်း စားနေပါတယ် ။ အာဂျင်တီးနား နည်းပြ ဟာ တော့တင်ဟမ် ဟော့စပါး ကနေ ထွက်ခွာ လာပြီး နောက်ပိုင်း ဘောလုံး လောက နဲ့ ခပ်ကင်းကင်း ရှိနေ ခဲ့တာ ၁ နှစ် နီးပါး ကြာခဲ့ ပါပြီ ။

ပိုချက်တီနို ဟာ စပါး ကို ၅ နှစ်ကြာ ကိုင်တွယ် ခဲ့ပြီး အလယ်အလတ် အဆင့် ကနေ ထိပ်သီး အသင်း တစ်သင်း ဖြစ်လာအောင် ပုံဖော် ပေးခဲ့ ပါတယ် ။ စပါး နဲ့ ချန်ပီယံလိဂ် ဖိုင်နယ် ကို ရောက်ခဲ့ သလို ချန်ပီယံလိဂ် ကို နှစ်တိုင်းလိုလို ဝင်ခွင့် ရလာခဲ့ ပါတယ် ။ ဒါပေမယ့် ပြီးခဲ့တဲ့ နှစ် တုန်းကတော့ ရလဒ်တွေ ယိမ်းယိုင်မှုကြောင့် အထုတ်ခံခဲ့ရ ပါတယ် ။

အာဂျင်တီးနားသားကြီး ပိုချက်တီနို က သူ့အနေနဲ့ နည်းပြ လောက ထဲ ကို ပြန်လည် ဝင်ရောက်လာဖို့ စိတ်ကူး ထားပြီး ဖြစ်ကြောင်း နဲ့ သိပ် မကြာခင် မှာ အသင်းသစ် တစ်သင်းသင်း ကို ကိုင်တွယ် ဖြစ်ဖို့ ရှိလာ နိုင်ကြောင်း ကိုလည်း ထည့်သွင်း ပြောဆို သွားခဲ့ ပါတယ် ။

မန်ချက်စတာ ယူနိုက်တက် အစ္စတန်ဘူ အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ် ကို ကစားရမှာ ဖြစ်ပြီး ပိတ်ရက် မှာတော့ အဲဗာတန် အသင်း နဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ကို ကစား ရမှာ ဖြစ်ပါတယ် ။ အကယ်၍ ဒီ ပွဲတွေ မှာသာ နိုင်ပွဲ ပျောက်ဆုံး နေခဲ့မယ် ဆိုရင်တော့ နည်းပြ ဆိုးရှား ရဲ့ အနာဂါတ် ဟာ ပိုမိုဝေဝါး လာတော့ မှာ သေချာ နေပါတယ် ။

Leave a Comment

Your email address will not be published.