ပရီးမီးယားလိဂ် ရာသီကုန်တွင် ဘယ်အသင်းဘယ်အဆင့်မှာရှိမလဲပြောလိုက်တဲ့ ခရော့စ်

ပရီးမီးယားလိဂ် ပြိုင်ပွဲကြီး ကတော့ ပွဲစဉ် 7 ကို ကစားပြီး သွားခဲ့ ပါပြီ ။ပြီးခဲ့တဲ့ အပတ်တွေ မှာ အဆင့် ၁ နေရာက ဦးဆောင် နေတဲ့ အဲဗာတန် ဟာ ၂ ပတ် ဆက်တိုက် ရှုံးပွဲ ကြုံခဲ့တာကြောင့် အဆင့် ၁ နေရာ ကနေ ဆင်းပေး ခဲ့ရ ပါတယ် ။ လက်ရှိ မှာတော့ မနှစ်က ချန်ပီယံ လီဗာပူး က အဆင့် ၁ နေရာကို ရယူ ထားပြီး မော်ရင်ဟို ရဲ့ တော့တင်ဟမ် ဟော့စပါး က အဆင့် ၂ နေရာကို ရယူ ထားခဲ့ ပါတယ် ။

ပွဲစဉ် ပေါင်း ၃၈ ပွဲ အထိ ယှဉ်ပြိုင် ရမယ့် ခရီးရှည်ကြီး အတွက်တော့ ပွဲစဉ် 7 ဆိုတာ ဆုံးဖြတ်ဖို့ စောလွန်း နေပါ သေးတယ် ။ ဒါပေမယ့် ပရိသတ်တွေ ရဲ့ သိချင်စိတ်တွေ ကတော့ တားဆီးလို့ မရနိုင် ပါဘူး ။ အဲ့ဒိ သိချင်စိတ် အတွက် အဖြေပေးခဲ့ သူကတော့ ပီတာ ခရော့ချ် ပါပဲ ။

အင်္ဂလန် ၊ ပိုစ့်မောက် ၊ စတုတ် ၊ လီဗာပူး နဲ့စပါး အသင်းတို့ရဲ့ တိုက်စစ်မှူးကြီး ဟာ လက်ရှိ အချိန် မှာတော့ မြက်ခင်း ပြင်တွေကို ကျောခိုင်းပြီး အစီအစဉ် တင်ဆက်သူ ၊ အားကစား ကလောင်ရှင် အဖြစ် နဲ့ ရှင်သန် နေခဲ့ ပါတယ် ။ အင်္ဂလန် အခြေစိုက် Daily Mail သတင်းစာ မှာ အပတ်စဉ် ဆောင်းပါးရေးလေ့ ရှိပြီး ပရိသတ်တွေရဲ့ မေးခွန်းတွေ ကို ဖြေကြားပေးလေ့ ရှိပါတယ် ။

ဒီတစ်ပတ် မှာတော့ ခရော့ချ် ဟာ သူ့ဆီကို အီးမေးလ် ပေးပို့ မေးမြန်းမှုတွေ ထဲက စိတ်ဝင်စားမှု များမယ့် မေးခွန်းတွေ ကို ထုတ်နှုတ် ဖြေကြား ပေးသွားခဲ့ ပါတယ် ။ အဲ့ဒိ အထဲက တစ်ခု ကတော့ ဒီရာသီ အကုန်မှာ ဝုဗ် တို့ ထိပ်ဆုံး ၄ သင်းထဲ ဝင်နိုင် မလားဆိုတဲ့ မေးခွန်း ပါပဲ ။

အဆင့် ၁ နဲ့ ၂ ပေါ့ ။ ဒီနေရာကို လီဗာပူး နဲ့ မန်စီးတီး ပဲ အရယူထား ဦးမှာပါ”
ကျန်တဲ့၃.၄ နေရာ အတွက် ကတော့ ပြိုင်ဆိုင်မှု ပြင်းထန် ပါလိမ့်မယ် ။ အရင် တုန်းက အသင်းကြီးတွေ အပါအဝင် ဝုဗ် က လက်စတာ ၊ အဲဗာတန် တို့ နဲ့ အတူ ယှဉ်ပြိုင် နိုင်မှာပါ ။ အာဆင်နယ် ၊ စပါး နဲ့ ချဲလ်ဆီး တို့က ခြေပြန်မှန် လာပြီး အဲဗာတန် ကလည်း အဆင့် ၁ ကနေ ကျလာ ပေမယ့် အရင်ကထက် အများကြီး ကောင်းနေ ပါတယ် ။ လက်စတာ ကတော့ မနှစ်က လွတ်သွားတဲ့ အခွင့်အရေးအတွက် ပြန်ကြိုးစား မှာပါ”

“ဝုဗ် ကို အဆင့် ၄ ထဲ ဝင်မယ်လို့ ကျိန်းသေ မပြောနိုင် ပါဘူး ။ ဒါပေမယ့် သူတို့ ကို လျော့တွက် တဲ့ သူကတော့ နောင်တ ကောင်းကောင်း ရသွားမှာပါ” လို့ ခရော့ချ် က ပြောဆို သွားခဲ့ ပါတယ် ။

 

Leave a Comment

Your email address will not be published.