မက်ကွိုင်းယား ခေါင်းဆောင်မှုစွမ်းရည်ကို ရီယိုဖာဒီနန်က ပြောင်းလဲသင့်ပြီဟု တိုက်တွန်း

မန်ချက်စတာ ယူနိုက်တက်ဟာ ပြီးခဲ့သည့် အာဆင်နယ်နဲ့ပွဲကစားပြီးချိန်တွင် ၁၄နှစ်တာကာလအတွင်း အာဆင်နယ်အသင်းအား ရှုံးပွဲမရှိ စံချိန်ဟာ အိုထရက်ဖို့စ် ကွင်းမှာ ရပ်တန့်ခဲ့ရပါတယ်….မန်ယူကစားသမားဟောင်းများကလည်း ဒီဖြစ်ရပ်ကို အတော်လေးပေါက်ကွဲခဲ့ကြပါတယ်….

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း လည်းဖြစ် အသင်းခေါင်းဆောင်လည်းဖြစ်ခဲ့ဖူးတဲ့ ရီယိုဖာဒီနန်က ယခုလက်ရှိအသင်းခေါင်းဆောင် မက်ကွိုင်းယားရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ပြောင်းလဲသင့်ပြီးဆိုတဲ့အကြောင်းကို သူ့ရဲ့ Social Media စာမျက်နှာများပေါ်မှာ အတိအလင်းပြောကြားတိုက်တွန်းလိုက်ပါတယ်….

ဖာဒီနန်က ” မက်ကွိုင်းယားကိုပြောချင်တာက ပထမပိုင်းအပြီး အသင်းရဲ့ အဝတ်လဲခန်းထဲမှာ အသင်းသားအားလုံးကို သူ့အနေနဲ့ နည်းပြပြောအပြီးမှာ ပြင်းပြင်းထန်ထန်လိုအပ်ချက်တွေကိုထောက်ပြခဲ့ရမယ်……

နောက်ပြီး အသင်းခေါင်းဆောင်ကိုယ်တိုင်က ပွဲထဲမှာနိုင်လိုစိတ်ပြင်းပြတဲ့သူဖြစ်နေရမယ် ခက်ထန်ကြမ်းတမ်းသင့်ရင် ကြမ်းတမ်းရမယ်…..မက်ကွိုင်းယားမှာ အဲ့ဒီလို ပုံရိပ်တွေ ကင်းမဲ့နေတယ် ယုံကြည်ချက်တွေလည်းပျောက်ဆုံးနေတယ်…

နောက်ပြီးတော့ တိုက်စစ် နဲ့ ကွင်းလယ်မှာ ရှိနေတဲ့ ကစားသမားတွေရဲ့ လိုအပ်ချက်တွေကို ကွင်းထဲမှာ လိုက်ပြီးတော့ ထိမ်းကျောင်းပေးနေရမယ် ဘရူနိုဖာနန်ဒက်ဆီမှာ အဲ့ဒီအချက်လက်တွေတွေ့ပေမယ့် သူ့ကိုတော့ အချိန်အနည်းငယ်စောင့်ကြည့်ရအုံးမယ် ….အရင်ဆုံး မက်ကွိုင်းယား ကို ကျောနံပါတ် ၅ ကို ဝတ်ပြီး အချိန်ဖြုန်းမနေဖို့ ထပ်ပြောချင်ပါတယ်ဆိုပြီးတော့ ပြောသွားခဲ့ပါတယ်….

Leave a Comment

Your email address will not be published.