အုပ်စုတွင်း တစ်ပွဲမှ ဂိုးမရခဲ့တဲ့အသင်းကိုမှ ရှုံးနိမ့်ခဲ့တဲ့ မန်ယူရဲ့ ထောက်ပြစရာ အချက်များ

ချန်ပီယံလိဂ်မှာ ၂ ပွဲဆက်တိုက် နိုင်ထားခဲ့တဲ့ မန်ယူကတော့ ၃ ပွဲမြောက်မှာ ဘာ ဆက်ဆီဟာကို ၂-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဘာဆက်ဆီဟာဟာ မန်ယူနဲ့မတိုင်ခင်အ ထိ အုပ်စုတွင်း ၂ ပွဲစလုံး ပီအက်စ်ဂျီနဲ့ လိုက်ဇစ်ကို ၂-၀ ရလဒ်တွေနဲ့ ရှုံးနိမ့်ထားခဲ့ ပြီး သွင်းဂိုးလည်းမရှိခဲ့ပါဘူး။

မန်ယူက ဒီပွဲမှာ လူစာရင်းအပြောင်းအလဲတွေ ပြုလုပ်သွားခဲ့ပြီး ဂိုးသမားနေရာမှာ ဒုတိယဂိုးသမားဖြစ်တဲ့ ဟန်ဒါဆန်ကို ပွဲထုတ်ခဲ့ ပါတယ်။ အရေးနိမ့်သွားခဲ့တဲ့ မန်ယူရဲ့အနေအထားကို သုံးသပ်ရမယ်ဆိုရင်တော့ …။

ကွင်းလယ်အတွဲအဖက်ဟန်ချက်မညီခြင်း

တောက်လျှောက်သုံးလာတဲ့ တွန်မီနေးနဲ့ ဖရက်ဒ် ကွင်းလယ်အတွဲနေရာမှာ မာတစ်၊ မာတာတို့ကို သုံးခဲ့ပါတယ်။ဗန်ဒီဘိခ်နဲ့ ဖာနန်ဒက်စ်က တိုက်စစ်အတွက် ကစားတဲ့အချိန်မှာ မာတာကလည်း တိုက်စစ်အားသန်တဲ့ကစားသမားဖြစ်တာ ကြောင့် ခံစစ်ကြောင်းရှေ့မှာ Cover လုပ်ပေးဖို့က မာတစ်တစ်ယောက်ပဲ ရှိပါတယ်။ ဒီအားနည်းချက်က မာတစ်ရဲ့အသက်အရွယ်နဲ့ လိုက်ဖြည့်မကစားနိုင်တဲ့အချိန်မှာ ပိုသိသာသွားပါတယ်။

ပရီးမီးယားလိဂ်ကစားသမားဟောင်းများရှိနေခြင်း

ဘာဆက်ဆီဟာမှာ မန်ယူကစားသမားဟောင်း ရာဖေး၊ လီဗာပူးမှာကစားခဲ့ဖူးတဲ့ စကာတယ်နဲ့ နယူးကာဆယ်နဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဒမ်ဘာဘာတို့က ဒီပွဲမှာ ခြေစွမ်းပြသွား ခဲ့ပါတယ်။စကာတယ်ဟာ မန်ယူတိုက်စစ်ကို အကောင်းဆုံးဟန့်တားဖျက်ထုတ် နိုင်ခဲ့သလို ၃၅ နှစ်ရှိပြီဖြစ်တဲ့ ဒမ်ဘာဘာကလည်း အဖွင့်ဂိုးသွင်းယူခဲ့တဲ့အပြင် မန်ယူခံစစ်ကို တစ်ကိုယ်တော် တစ်ချိန်လုံးဒုက္ခပေးနေခဲ့တာပါ။

ပေါလ်စခိုးပြောတဲ့ ၁၀ နှစ်အောက် ကလေးကွက်

မန်ယူအသင်းရဲ့ ပထမဂိုးပေးလိုက်ရတာဟာ ဘာဆက်ဆီဟာနောက်တန်းကနေ ရှေ့ကိုကန်တင်လိုက်တဲ့ဘောလုံးကို ဒမ်ဘာဘာက ဘာဆက်ဆီဟာကွင်းဘက် ခြမ်းကနေ တောက်လျှောက်ဆွဲယူပြီး ဟန်ဒါဆန်နဲ့ တစ်ဦးချင်းအတွေ့မှာ ကန် သွင်းသွားခဲ့တာပါ။ ဒမ်ဘာဘာနောက်ကို မာတစ် တစ်ယောက်ပဲ အသည်းအသန် လိုက်ဖျက်ပေမယ့် မမီခဲ့ပါဘူး။တကယ်ဆိုရင် ဒါဟာ ကွင်းလယ်စက်ဝိုင်းနားမှာ တစ်ယောက်တည်း ထည်းထည်းကြီးဖြစ်နေတဲ့ ဒမ်ဘာဘာကို မန်ယူဘက်က တစ်ယောက်မှကိုမကပ်ထားခဲ့ဘဲ ၁၀ နှစ်အောက် ကလေးတွေ ဘောလုံးကစားတဲ့ ပုံစံဖြစ်ခဲ့တယ်လို့ ပေါလ်စခိုးက ဝေဖန်ခဲ့ပါတယ်။

အခု ဘာလုပ်မလဲ

အာဆင်နယ်နဲ့ ဘာဆက်ဆီဟာကို ၂ ပွဲဆက်တိုက် ရှုံးသွားတဲ့အတွက် ဆိုးလ်ရှား တစ်ယောက် ဖိအားပိုရှိသွားခဲ့ပါတယ်။ စနေနေ့မှာ အဲဗာတန်နဲ့ကစားမယ့်ပွဲစဉ် ဟာ ဆိုးလ်ရှားအတွက်သာမကဘဲ မန်ယူတစ်သင်းလုံးအတွက် ဘာလုပ်မလဲဆို တာ မေးရမယ့်ပွဲဖြစ်သွားပါပြီ။

Leave a Comment

Your email address will not be published.