ဖာဒီနန်ပြောသော အဲဗာတန်နဲ့ ပွဲက မန်ယူအသင်းခေါင်းဆောင်ကောင်းဆိုတာ ဘယ်သူလဲ

မန်ချက်စတာယူနိုက်တက် ဟာ မကြာသေးမီနာရီပိုင်းအတွင်းမှာ နှစ်ပွဲဆက်တိုက် ရှုံးပွဲကြုံနေရာကနေ ပြန်လည်ရုန်းထလာနိုင်ခဲ့ပြီး ပရီးမီယားလိဂ် အဝေးကွင်းပွဲစဉ်အဖြစ် အဲဗာတန် အိမ်ကွင်းမှာ သွားရောက်ကစားကာ ၁-၃ ဂိုးဖြင့် နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့ပါတယ်…..

နိုင်ပွဲရယူလိုက်မှုနဲ့ အတူ ကောလဟာလသတင်းထွက်နေတဲ့ မန်ယူနည်းပြနေရာ ပြောင်းလဲမယ် ဆိုးရှားထွက်သွားရမည် ပိုချက်တီနို ပြန်လည် ဝင်ရောက်ကစားလာမယ်ဆိုတာတွေက တဖြည်းဖြည်းမေးမှိန်လို့လာပါတယ်… လုံးဝကြီးပြောင်းလဲလာတဲ့အခြေနေမဟုတ်ပေမဲ့ မန်ယူအသင်းပြန်လာခဲ့ပါပြီ……

မန်ချက်စတာယူနိုက်တက် နောက်ခံလူဟောင်း ဖာဒီနန်ကတော့ ယခုပွဲမှာ တကယ့် အသင်းခေါင်းဆောင်ကောင်း နဲ့ နိုင်လိုစိတ်ပြင်းပြမှုကိုသယ်ဆောင်လာနေတဲ့ ကစားသမားတယောက်ကို တွေ့လိုက်ရပါတယ်…သူ့လက်ရှိ ဒီခြေစွမ်းကို ထိမ်းထားနိုင်ရင် နံပါတ်တစ်ဦးစားပေး အသင်းခေါင်းဆောင်က သူပါလို့ BT Sport မှာ ပြောသွားခဲ့ပါတယ်…..

ဖာဒီနန်က ” ဒီပွဲက ဆိုးရှားလ်အတွက်ကော ကစားသမားတွေအတွက် သိပ်ကောင်းတဲ့ ရလဒ်တခုပါ…..ဒီထဲမှာ အသင်းခေါင်းဆောင်းလုပ်သင့်တဲ့ ခန့်အပ်သင့်တဲ့ကစားသမားတဦးကို ကျနော်မြင်ခဲ့ရပါတယ် နိုင်လိုစိတ်လည်းပြင်းထန်တယ် …ဦးဆောင်နိုင်မှုလည်းရှိတယ်…နေရာလွတ်တွေရှာတယ်အကွက်မြင်စွာဖန်တီးပေးနိုင်သူလည်း ဖြစ်တယ်…..

အဲ့ဒီလိုကစားသမားက ဘယ်သူလဲဆိုတော့ ဘရူနိုဖာနန်ဒက်ပါဘဲ…အရင်ပွဲတွေမှာ အမှားအနည်းငယ်ရှိပေမဲ့ ကြိုးစားတတ်တဲ့သူ့အကျင့်တိုင်းပြန်လည်ရုန်းထလာနိုင်ပါတယ်…..ဆိုးရှားလ်ဒါကိုမြင်ပါစေ ….ထပ်ပြီးတော့ မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ကို မချမိဖို့ မျှော်လင့်ရပါတယ်..ဘရူနိုဟာ လက်ရှိခြေစွမ်းကို ထိမ်းထားနိုင်ရင် မန်ယူ အတွက် အများကြီး ကောင်းလာပါမယ်လို့….BT SPort မှာပြောသွားခဲပါတယ်…

Credit – MEN News

Leave a Comment

Your email address will not be published.