မန်ယူဘုတ်အဖွဲ့ဝင် အက်ဝုဒ် နှင့် စီရော်နယ်ဒို အပြောင်းအရွေ့သတင်း အင်တာဗျူး

မန်ချက်စတာယူနိုက်တက်ဟာ ယခုရာသီမှာ အိမ်ကွင်းရလဒ်ဆိုးရွားမှုများနှင့်အတူ ကစားသမားလိုအပ်ချက် ခံစစ်လိုအပ်ချက် တောင်ပံတိုက်စစ်လိုအပ်ချက်များစွာရှိနေပါတယ်….ပရိတ်သတ်တချို့ကလည်း နည်းပြ နဲ့ ဘုတ်အဖွဲ့ကို ဆန်ချိုကို မခေါ်ယူပေးနိုင်လို့ စိတ်ပျက်နေခဲ့ကြပါတယ်…

ယခုလက်ရှိအချိန် မန်ယူခြေစွမ်းကို ကစားသမားဟောင်းများ နှင့် အားကစားကျွမ်းကျင်ပညာရှင်များ သုံးသပ်ချက်အရ စစ်တမ်းများကို ချိန်ကြည့်မယ်ဆိုလျင် မန်ယူမှာ ရော်နယ်ဒို ကစားခဲ့သောတောင်ပံတိုက်စစ်နေရာလိုအပ်ချက်က အရေးပါဆုံးအပိုင်းမှာရှိနေခဲ့တယ်…မန်ယူမှာ ရွန်းနီ တီဗက်စ် ရော်နယ်ဒို တိုက်စစ်အတွဲ မရှိတဲ့နောက် မန်ယူမှာ တိုက်စစ်တွဲလုံးတွေ တောင်ပံမှ ဖြတ်တင်ဘောတွေ ပျောက်ဆုံးနေခဲ့တာ ကြာပါပြီ…

ရော်နယ်ဒိုကို ဂျူဗီအသင်းမှ ရောင်းထုတ်မယ်ဆိုတဲ့သတင်းတွေနဲ့ အတူ မန်ယူ ရဲ့ကစားသမားလိုအပ်ချက်နဲ့ တိုက်ဆိုင်နေသော သတင်းများကို မန်ယူဘုတ်အဖွဲ့ဝင် အက်ဝုဒ် မှ ယခုလို STN Interview မှာ ယခုလိုပြောခဲ့ပါတယ်…အက်ဝုဒ်က ” အိုလေရဲ့ လိုအပ်ချက်ကို ဒီနွေရာသီအပြောင်းအရွေ့မှာ ဖြည့်ဆည်းပေးပါမယ်…အသင်းမှာ တောင်ပံတိုက်စစ်လိုနေတာ ကျနော်မြင်နိုင်ပါတယ်….

ဒါပေမဲ့ ရော်နယ်ဒို ကို လက်ရှိခေါ်ယူမယ့်အသင်းတွေထဲမှာ တော့ မန်ယူမပါပါဘူး …ရော်နယ်ဒို နဲ့ ဆက်သွယ်ကမ်းလှမ်းမှုတွေပြုလုပ်တယ်ဆိုတဲ့သတင်းတွေကလည်း မဟုတ်ပါဘူး….နောက်ပြီးတော့ သူက ဂျူဗီနဲ့ ၂၀၂၂ နွေရာသီမတိုင်ခင်အထိ စာချုပ်ကလည်း ဆက်ရှိနေသေးတာဆိုတော့ လွယ်ကူတဲ့အပြောင်းအရွေ့တော့မဖြစ်နိုင်ပါဘူး…..

တကယ်ပြန်လာမယ်ဆိုရင် ပရိတ်သတ်တွေပျော်ကြမှာပါ….အသင်းတွက်လည်းပြန်ကြည့်ရမယ် နောက်ပြီးတော့ ဘောလုံးလောက က ဘယ်အရာမဆိုဖြစ်နိုင်တယ်ဆိုတော့ လာမယ့်နွေရာသီအပြောင်းအရွေ့ကိုဘဲ တချက်ကြည့်စေချင်ပါတယ်..အိုလေဆိုးရှားလ်လိုတဲ့ကစားသမားတွေကို ခေါ်ယူဖို့ ကြိုးစားသွားမှာပါလို့ ပြောကြားခဲ့ပါတယ်…

Leave a Comment

Your email address will not be published.