မန်ချက်စတာယူနိုက်တက်ဟာ အက်စတန်ဘူအသင်း ကို အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့အနိုင်ယူခဲ့ပြီး ဆိုးရှားရဲ့ Game Plan ဟာ လူတိုင်း စိတ်ဝင်တစားစောင့်ကြည့်စရာဖြစ်လာခဲ့ပါတယ်…..

အသင်းဟာ အိမ်ကွင်းနိုင်ပွဲပျောက်ဆုံးမှုတွေကနေ ဂိုးပြတ်နိုင်ပွဲနဲ့ ရုန်းထနိုင်ခဲ့ပါတယ်…အရင်ပွဲများမှာ မန်ယူအသင်းရဲ့ ကစားကွက်ပိုင်း စိတ်တိုင်းကျစရာမရှိခဲ့ပါဘူး….အသင်းရဲ့ အစိတ်အပိုင်းအားလုံးဟာဖရိုဖရဲနဲ့ လက်တွေ့ကြတဲ့အနေထားတခုမှာ သရေရလဒ် ရှုံးပွဲများနဲ့သာ လည်နေခဲ့ပါတယ်…..

ဒါပေမဲ့ ယခုလက်ရှိကစားကွက်မှာ တော့ သိသိသာသာပြောင်းလဲမှုများနှင့်အတူ ဆိုးရှားလ် Game Plan ဟာ ပြိုင်ဖက်အသင်းတွေ ဝေခွဲရခက်စေတဲ့ နည်းဗျူဟာမျိုးမှာရှိနေခဲ့ပါတယ်….

တပွဲလုံးမှာ တသင်းလုံးက နေရာတကျ လေး ကစားပြပြီး တိုက်စစ်ဆင်တာတွေ ခံစစ်ပိုင်းတွေတောင်ပံတိုက်စစ်ဟာ လွန်ခဲ့တဲ့ ဖာဂူဆန်လက်ထက်ကစားကွက်ကို ပြန်လည်သတိရစေခဲ့ပြီး ရွှေရောင်နေ့ရက်တွေဆီက မန်ယူရဲ့ပုံရိပ်တွေကို

တဖြည်းဖြည်းနဲ့ထင်ဟတ်လာတယ်လို့ မြင်ခဲ့ရပါတယ်..ဒီကစားကွက်တော့ ဗန်ဒါဘတ်နဲ့ကာဗာနီတို့ကိုလည်း အလွယ်တကူအထိုင်ကျစေခဲ့ပြီး ..ခြေစွမ်းပိုင်းပိုမိုပေါ်လွင်အောင် ကစားနိင်ခဲ့ကြပါတယ်….အကောင်းဆုံးကတော့ကွင်းလယ်ပိုင်းပါဘဲ…..အပြစ်ပြောစရာမရှိအောင်ပြည့်စုံနေလွန်းခဲ့ပါတယ်..

နောက်တန်းဟာလည်း မက်ကွိုင်းယား လင်ဒီဂတ် ဝက်ဆာကာတို့နဲ့တင် အပြီးတိုင် တဖက်သင်းကို ချုပ်ထားနိုင်ခဲ့ပါတယ်….နေရာတွေစုံသွားပြီးတဲ့နောက် သတိထားမိစရာ တခုရှိလာပါပြီ အဲ့ဒါကတော့ အဲလက်စတဲစ် ပါဘဲ သူဟာ ရီးရဲက မာဆယ်လို လိုဘဲ တောင်ပံတိုက်စစ်ရဲ့

ဂိုးဖန်တီးမှုများရဲ့ Weapon ကစားသမား ဖြစ်နေတယ်ဆိုတာကို ကျနော်တို့ ငြင်းလို့မရတော့ပါဘူးအဲ့ဒီတော့ ဆိုးရှားလ်က ဒီ Weapon Player ကို နောက်ပွဲတွေမှာ ဘယ်လိုထုတ်သုံးပြမလဲဆိုတာကို တော့စောင့်ကြည့်ရပါအုံးမယ်…ရွန်းနီ သုံးသပ်ပြသလို ဖာဂူဆန်ရဲ့ ဗျူဟာကို ဆိုးရှားလ်သုံးနေပြီးဆိုရင်တော့ နောက်ပိုင်းမှာ Weapon Player ရဲ့ ပံ့ပိုးမှုများနဲ့အတူ

တောင်ပံတိုက်စစ်တွေကနေ ဂိုးရဖို့ ဖန်တီးရင်း နိုင်ပွဲတွေဆက်ပြီး ဖလားတွေသီနေခဲ့တဲ့မန်ယူ တခေတ်ကို ပြန်မြင်ရတော့မှာပါဆိုပြီးတော့…..

MEN News မှ အားကစားကျွမ်းကျင်သူ တဦးဖြစ်တဲ့ Wiz Rayzi ပြောပြသွားခဲ့ပါတယ်..

Credit:MEN News

Leave a Comment

Your email address will not be published.