ဗန်ဒါဘိဟာ မန်ယူအသင်းရဲ့ပွဲထွက်စာရင်းမှာ ပါသင့်နေပြီလို့ပြောကြားလိုက်တဲ့ အိုဝင်ဟားဂရိ

မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမားဟောင်းတစ်ဦးဖြစ်သလိုဘောလုံးဝေဖန်သမားတစ်ဦးအဖြစ်ဆောင်ရွက်နေတဲ့အင်္ဂလန်လက်ရွေးစင်ကစားသမားဟောင်း အိုဝင်ဟားဂရိက ယမန်နေ့ညက မန်ယူူအသင်းဟာ အိမ်ကွင်းအိုးထရက်ဖိုစ့်မှာယှဉ်ပြိုင်ခဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာပွဲထွက်ကစားခွင့်ရခဲ့ပြီးအသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ နယ်သာလန်ကွင်းလယ်ကစားသမားဗန်ဒါဘိကို အထူးတလည်ချီးကျူးလိုက်ပြီး အသင်းရဲ့ပွဲထွက်ကစားသမားစားရင်းမှာပါဝင်သင့်နေပြီဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

အဆိုပါချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ယူအသင်းဟာ ဧည့်သည် တူရကီကလပ် အီစတန်ဘူလ်းဘာရှက်ဆီဟီအသင်းကို ၄း၁ရလာဒ်နဲ့ဂိုးပြတ်အနိုင်ရရှိခဲ့ပြီးအုပ်စုပွဲစဉ်လေးပွဲမှာ၉မှတ်ရရှိကာအုပ်စုကျပ်လို့သေမင်းတမာန်အုပ်စုလို့နာမည်ကြီးနေတဲ့ အုပ်စုမှလွတ်မြောက်ဖို့အခြေနေအထူးကောင်းမွန်သွားကာနောက်ထပ်ကစားမယ့်နှစ်ပွဲမှာတစ်မှတ်ရရှိယုံဖြင့် နောက်တဆင့်ကိုတတ်ရောက်နိုင်တော့မှဖြစ်ပါတယ်။

ဘာရှက်ဆီဟီအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ်ပွဲထွက်ကစားခွင့်ရရှိခဲ့တဲ့ ဗန်ဒါဘီဟာ ပြီးခဲ့တဲ့အပြောင်းအရွေ့မှာမန်ယူအသင်းကို ပေါင်သန်းလေးဆယ်နဲ့ပြောင်းရွေ့လာခဲ့ပြီးနောက်ပွဲထွက်ကစားခွင့်ပျောက်ဆုံးနေရာမှပွဲထွက်ခွင့်ရရှိလာခဲ့ပြီး

ဘရူနိုဖာနန်ဒက်၊မားကပ်ရက်ဖိုစ့်၊ကာဗာနီတို့နဲ့တွဲဖက်မိမိကစားကာ အသင်းရဲ့ကွင်းလယ်ကစားပုံကို ပိုမို သက်သောင့်သက်သာရှိစေတဲ့ဟန်ကိုပေါ်လွင်စေခဲ့ပြီးအသင်းဟန်ချက်မျှတ အောင်ကစားနိုင်ခဲ့တာကြောင့်ဘောလုံးဝေဖန်ရေးသမားလုပ်နေတဲ့ အိုဝင်ဟားဂရိကချီးကျူးပြောဆိုခဲ့တာပါ။

ဟားဂရိက ဗန်ဒါဘိဟာ အသင်းရဲ့ပွဲထွက်စားရင်းမှာပါဝင်သင့်နေပါပြီသူဟာဘောလုံးကစားရာမှာလုံးဝတကိုယ်ကောင်းမဆန်တာကို လည်းတွေ့ရပါတယ်။ဘယ်လိုဘဲ့ဖြစ်ဖြစ် သူဟာ အသင်းရဲ့ပထမကစားသမားစားရင်းမှာ ပါဝင်သင့်တယ်ဆိုတာကိုကောင်းကောင်းသက်သေပြသွားခဲ့ပါပြီ ကျန်တာကတော့ အိုလေးရဲ့အလုပ်ပါလို့ဆိုသွားသလို

အခြားဂန္ဓဝင်ကစားသမားဟောင်းကြီးတစ်ဦးဖြစ်တဲ့ ရီယိုဖာဒီနန်ကလည်း အဆိုပါအမြင်ကို သဘောတူ လက်ခံခဲ့ပါတယ်ဖာဒီနန်ကလည်း သူကစားပုံကရိုးရှင်းပြီးအလွန်ထိရောက်ပါတယ်ဘောလုံးကိုထိချက်တစ်ချက်နှစ်ချက်အပြင် ပို မထိပါဘူး

အလွန်သက်သောင့်သက်သာရှိတဲ့ကစားဟန်ပါ ဒီလိုကစားပုံကြောင်း အသင်းရဲ့တခြားကစားသမားတွေအတွက် ကစားရပိုမိုလွယ်ကူစေပြီး နေရာလွတ်တွေပိုမိုဖန်တီးပေးနိုင်တယ်ဆိုတာ ငြင်းလို့မရပါဘူးလို့ေ့ပညကြားခဲ့ကြောင်း သိရပါတယ်။

Leave a Comment

Your email address will not be published.