အက်စတန်ဘူအသင်းကိုနိုင်ပွဲရတာက ဖာဂူဆန်ကြောင့်ဟု မန်ယူဂန္တဝင်တိုက်စစ်မှူး ဝိန်းရွန်းနီ သုံးသပ်…

မန်ချက်စတာယူနိုက်တက်ဟာ အက်စတန်ဘူ ကို အိမ်ကွင်းမှာ ၄-၁ ဂိုးနဲ့အနိုင်ယူခဲ့ပြီး ဆိုးရှားရဲ့ Game Plan ချိန်းလိုက်တာကို အားကစားကျွမ်းကျင်သူများကအံ့အားသင့်ကာ ပရိတ်သတ်များကလည်း စိတ်လုပ်ရှားစရှာကောင်းသော ပွဲတပွဲအဖြစ် Twitter မှာ မှတ်ချက်တွေပေးခဲ့ကြပါတယ်…

မန်ချက်စတာယူနိုက်တက်ပွဲကို အိမ်ကွင်းကြောင့်လား ဝိန်းရွန်းနီပြောတဲ့ ဗျူဟာကြောင့်လား ….ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်လာကြည့်ခဲ့ပါတယ်

…မန်ယူတိုက်စစ်မှူးဟောင်းဝိန်းရွန်းနီက ” ဖာဂီ(ဖာဂူဆန်) ဒီပွဲကိုလာကြည့်တာ ဟာ ပရိတ်သတ်တွေပျော်ကြတယ်…အားကစားပညာရှင်တွေ ဝေဖန်ရေးတွေကတော့ ဒါကိုဂရုမစိုက်ကြပါဘူး…ဘာဖြစ်လို့လဲဆိုတာ တခုကိုကျနော်ရှင်းပြမယ် ….ဖာဂီလက်အောက်မှာ ကျနော် နှစ်အကြာကြီး ကစားခဲ့သူပါ…..

ဖာဂီကြီး ရဲ့ နည်းဗျူဟာတွေနဲ့ ကစားကွက်တွေ ရော်နယ်ဒိုမရှိတော့တဲ့ 2009 အလွန်ပိုင်းတွေမှာ ယခု အက်စတန်ဘူနဲ့ပွဲမှာတွေ့ရတဲ့ကစားကွက်မျိုးကိုခင်းကျင်းခဲ့ဖူးပါတယ်…အဲ့ဒီအခင်းအကျင်းတခု ကို ကျနော်တို့ ဒီနေ့ ပြန်တွေ့ခဲ့ရတော့ဖာဂူဆန်ဟာ လွန်ခဲ့တဲ့လပိုင်းက နည်းစနစ်အကြံပေး လုပ်နေပြီဆိုတာ သေချာသလောက်နီးပါရှိနေပါပြီ…..

စိန်ပွင့်ပုံကစားရာကနေတောင်ပံတွေ တိုက်စစ်ဆင်လာနိုင်တယ် ကွင်းလယ်က တွဲလုံးတွေ ကြောက်ဖို့ကောင်းလာတယ်….ဗန်ဒါဘတ် နဲ့ ဘရူနို တို့တွဲလုံးတွေကနေ ဂိုးတွေ ဖန်တီးနိုင်လာတယ် အမြင့်ဘောတွေကိုကာဗာနီ အတွက်ဖန်တီးပေးနိုင်တာမျိုးတွေ တွေ့လာရတယ် …

ဒီ Game Plan လိုမျိုးတွေထဲမှာ Weapon Player တယောက်ပါပါတယ်…..သူဘယ်သူလဲဆိုတာကို ကျနော်တိုနောက်ထပ်ပွဲတွေစောင့်ကြည့်ရနိုင်ပါတယ်..အရင်ပွဲတွေက ထက်တော့ မန်ယူ ကစားကွက်တည်ငြိမ်လာပြီး အရင်တုန်း နေ့ရက်တွေဆီကိုလှမ်းလာနေပါတယ်….အမှန်အတိုင်းပြောရရင် ဖာဂီကြီး ဟာ ကပ်ရောဂါကြားထဲကနေ ဒီပွဲကိုလာကြည့်တယ်ဆိုတည်းက စဉ်းစားကြည့်ရင် သိနိုင်ပါတယ်….

သူ့ဒီပွဲကို နောက်ကနေ ထိန်းပေးနေလို့ ပါ…အိုလေကိုတော့ ကျနော်ခင်ပါတယ်..သူလည်း တော်တော်ကောင်းတဲ့နည်းပြတဦးပါလို့ …ဝိန်းရွန်းနီက Sport Social Media blog တခုမှာ တက်ရောက်ရေးသားထားတာကိုတွေ့ရပါတယ်….

Tu Tu

Leave a Comment

Your email address will not be published.